• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိမ်းဆည်းမြေဧက ၃ သောင်းကျော် ပြန်ပေး

by မေခ
27 September 2013
in သတင်း
A A
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က, သိမ်းဆည်းမြေ

၆၈ နှစ်မြောက် တပ်မတော်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် ကို တွေ့ရစဉ် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

7.9k
VIEWS
Share on FacebookShare on Twitter

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တနိုင်ငံလုံးတွင် စစ်တပ် သိမ်းဆည်းထားသော မြေဧက ၂သိန်း ကျော် အနက်မှ မြေဧက ၃၈၀၀၀ ကို ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောသည်။

နေပြည်တော်တွင် ယနေ့ကျင်းပသော မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်းမှုနှင့်ဆက်စပ်သော အစည်း အဝေး တွင် စစ်တပ်က သိမ်းဆည်းထားသော မြေဧကတချို့ကို ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
690
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.6k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
807

“တပ်သိမ်းမြေတွေနဲ့ ပတ်သက်ပြီး အပိုင်း ၃ပိုင်း ပြောလို့ရပါတယ်။ အခု ဧက ၃သောင်း ကျော် ကတော့ လုံးဝ အရှင်း ပေးလို့ ရတာပေါ့။ နောက်တခုက တစိတ်တဒေသ ပေးလို့ရတယ်။ နောက်ကတော့ လုံခြုံရေး အရ လုံးဝ ပြန်ပေးလို့ မရဘူးပေါ့။ တစိတ်တပိုင်း ပေးတာကတော့ တပ်လုံခြုံရေးကိုမထိခိုက်တဲ့အပိုင်းကို ပြန်ပေးမှာပါ။ ပြန်မပေး ဘူး ဆိုရင်လည်း ဘယ်လိုကြောင့် ပြန်မပေးလဲ။ ဘာကြောင့်လဲဆို တာကို သေချာ ရှင်းလင်း ပြောမှာပါ”ဟု ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ကဆိုသည်။

လတ်တလော စစ်တပ်က သိမ်းဆည်းထားသော မြေဧက ၃သောင်း ၈ထောင်ကို အစိုးရ မြေအသုံးချမှု စီမံ ခန့်ခွဲရေးကော်မတီသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွှဲပြောင်းပေးအပ်လိုက်ပြီး ကျန်ရှိသော မြေဧကများကို လည်း ပြန်လည် စစ်ဆေးလျက်ရှိသည်ဟု တပ်မတော်က အစိုးရထံ အကြောင်းကြားထားကြောင်း သိရှိရသည်။

ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်က နိုင်ငံတွင်း မြေယာ သိမ်းဆည်းမှု များနှင့် ပတ်သက်ပြီး တွေ့ရှိချက်များကို အစီရင်ခံစာ ၃ ပိုင်းခွဲထုတ်ပြန်ခဲ့ရာ အစီရင်ခံစာ အပိုင်း ၁ တွင် တပ်မတော်နှင့် သက်ဆိုင် သည့် မြေသိမ်းမှုများ၊ အပိုင်း ၂ တွင် မြို့ပြတိုးချဲ့မှုနှင့်စက်မှုဇုန်တည်ဆောက်ခြင်းအတွက် မြေသိမ်းမှုများ၊ အပိုင်း ၃ တွင် ပုဂ္ဂလိက ကုမ္ပဏီများက မြေသိမ်းမှုများ အသေးစိတ် ဖော်ပြခဲ့ကြောင်း၊ တနိုင်ငံလုံးတွင် မြေယာသိမ်းဆည်းမှု ၇၄၅ မှုရှိပြီး အစိုးရက မြေသိမ်းမှုများကို အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သော မြေ အသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဖွဲ့စည်းထားလိုက်ကာ မူလပိုင်ရှင်များထံ မြေယာများ ပြန်လည်ပေးအပ်သွား မည် ဖြစ်ကြောင်း သိရှိရသည်။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအုန်းသန်းက “တပ်မတော်က သိမ်းထားတဲ့မြေမှာ တချို့တဝက် ပြန်ပေးမယ် ဆိုတဲ့ အပိုင်းနဲ့ လုံးဝပြန်မပေးတဲ့ အပိုင်းမှာ သူ့စည်းမျဉ်း တွေရှိပါတယ်။ ပြည်သူကို ဘယ်လို လျော်မလဲ၊ မြေအစားပြန်ပေးမလား။ ငွေကြေးပေးမလားပေါ့။ အဲလိုတွေစီစဉ်မှာပါ။ ဒီကိစ္စကို ခုလက်ရှိကတော့ စစ်ဆေး တုန်း ကတော့ပြောရခက်ပါတယ်” ဦးအုန်းသန်းကပြောသည်။

တပ်မတော်က တနိုင်ငံလုံးတွင် လယ်ယာမြေဧက ပေါင်း ၂သိန်းကျော် သိမ်းယူခဲ့ရာ ယခု ပြန်လည်ပေးအပ်မှုသည် သိမ်းယူခဲ့သည့် မြေဧကစုစုပေါင်းပမာဏ၏ ၁၉ရာခိုင်နှုန်းကိုသာ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် သိမ်းဆည်းမြေ ၈၁ ရာခိုင်နှုန်း ပြန်လည်စိစစ်နေဆဲဟုသာပြောဆိုပြီး မည်သို့အဖြေထွက်ကိုမူ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီက အတိအကျ ထုတ်ပြန်ပြောဆိုခြင်းမပြုပေ။

Your Thoughts …
Tags: ArmyLand Confiscation
မေခ

မေခ

ဧရာဝတီ

Similar Picks:

စစ်တပ်ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေ တွေ့ရှိ (ရုပ်/သံ)

စစ်တပ်ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေ တွေ့ရှိ (ရုပ်/သံ)

by ဘုန်းအောင်
14 August 2024
352

နိုင်ငံတစ်ဝန်းမှာ မြန်မာစစ်တပ်က စစ်ရာဇ၀တ်မှုကျူးလွန်တဲ့ အထောက်အထား အမြောက်အမြား တွေ့ရှိထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့က ဩဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

စစ်တိုင်းမှူးနှင့် တပ်မမှူးများ ပြောင်းရွှေ့

စစ်တိုင်းမှူးနှင့် တပ်မမှူးများ ပြောင်းရွှေ့

by ရန်ပိုင်
6 September 2012
20k

“တချို့က ငြိမ်းချမ်းရေး အတွက်လို့ ထင်တယ်၊ မဟုတ်ပါဘူး၊ တိုက်ပွဲမှာ အကျအဆုံးများရင် ရည်မှန်းချက်ကို မသိမ်းနိုင်ဘူးဆိုရင် ဒီလိုပဲ အပြောင်းအရွှေ့ လုပ်ကြတာပါပဲ”

အမျိုးသမီး ဗိုလ်လောင်း, တပ်မတော်

အမျိုးသမီး ဗိုလ်လောင်း ၁၀၀ ခန့် ခေါ်ယူမည်ဟု စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ပြော

by မေစစ်ပိုင်
17 October 2013
8k

သင်တန်း အောင်မြင်ပါက ဒုတိယဗိုလ် အဆင့်ဖြင့် လည်းကောင်း ၊ မဟာဘွဲ့ ၊ ပါရဂူဘွဲ့ရအမျိုးသမီးများ သင်တန်း အောင်မြင် ပါက ဗိုလ်အဆင့်ဖြင့် စတင် ခန့်အပ်ခံရမည် ဖြစ်ပြီး နောက်ပိုင်းတွင် တပ်မတော် ရာထူး ခန့်ထားရေး...

ပွင့်လင်းမြင်သာမှု မရှိသော ဘော်ဆိုင်း သတ္တု တူးဖော်မှုများ

ပွင့်လင်းမြင်သာမှု မရှိသော ဘော်ဆိုင်း သတ္တု တူးဖော်မှုများ

by ကိုဖိုးသား (တောင်ကြီး)
2 February 2013
10.2k

အဲဒီ ကုမ္ပဏီတွေက နိုင်ငံတော် စီမံချက်လိုလို၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ လိုလို ပြောတော့ ပေးသလောက်နဲ့ ကျေနပ်နေရတာပေါ့” ဟု ဖျက်ဆီးခံရသော ခြံယာမြေပိုင်ရှင် တဦးက ပြောသည်။

ထမင်းရောင်းနေတဲ့ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်

ထမင်းရောင်းနေတဲ့ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်

by မေခ
16 May 2013
28.5k

အောင်ပြည့်စုံ ဆိုတဲ့ နာမည်နဲ့ ဘီ်းလင်းမြို့အ၀င်မှာ ထမင်း၊ ဟင်းနဲ့ တခြား စားသောက်စရာတွေ ရောင်းချနေတဲ့ ဦးလွန်းမောင်ရဲ့ ဆိုင်ကို ကြည့်လိုက်တာနဲ့ ရင်းနှီးထားတဲ့ ပမာဏ မနည်းလောက်ဘူး ဆိုတာ ဘယ်သူမဆို ခန့်မှန်းနိုင်ပါတယ်။

ဧရာရွှေဝါ သိမ်းခဲ့သည့် လယ်များ ပိုင်ရှင်များထံ ပြန်ပေးရေး လွှတ်တော်ဆုံးဖြတ်

ဧရာရွှေဝါ သိမ်းခဲ့သည့် လယ်များ ပိုင်ရှင်များထံ ပြန်ပေးရေး လွှတ်တော်ဆုံးဖြတ်

by သန့်စင်ငြိမ်းချမ်း
1 April 2013
4.4k

၈ လကြာသည် အထိ လယ်သမားများ လက်ဝယ် မရောက်ရှိသေးသည့် အတွက် မိုးစပါး စိုက်ပျိုးချိန်အမီ လယ်သမားများကို ပြန်လည်ပေးအပ်ရန် သာပေါင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသိန်းက အဆိုတင်သွင်းခဲ့

Next Post
အိတ်လည်းဖောင်း စိတ်လည်းပြောင်းပြီ

အိတ်လည်းဖောင်း စိတ်လည်းပြောင်းပြီ

မန္တလေး, ဈေးချို, အကောက်ခွန်မဲ့ ကုန်ပစ္စည်း

မန္တလေးဈေးချိုကို ရှောင်တခင် ဝင်စစ်မည်

Please login to join discussion
No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate