Obituary

ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာ ကွယ်လွန်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဝိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ (၉၀)နှစ်သည် ယမန်နေ့ည ၁၁ နာရီခန့်က အိန္ဒိယ နိုင်ငံ ဘုံဘေမြို့ နေအိမ်တွင် လူကြီး ရောဂါဖြင့် ကွယ်လွန်သွားသည်။

ဈာပနကို မနက်ဖြန် အောက်တိုဘာ ၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်၍ သားဖြစ်သူ ဗန္ဓုလ ကုမ္ပဏီပိုင်ရှင် ဦးရွှေနှင့် မိသားစုဝင်တချို့လည်း ယနေ့ နေ့လယ်က အိန္ဒိယနိုင်ငံသို့ လိုက်ပါ သွားကြပြီဖြစ်ကြောင်း နီးစပ်သူတဦးက ပြောသည်။

မာရာဝါရီ လူမျိုး ဆရာကြီး ဦးဂိုအင်ကာ ကို ၁၉၂၄ ခုနှစ်က မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ ဘိုးဘွားများမှာ သီပေါမင်းလက်ထက် ကတည်းက အိန္ဒိယနိုင်ငံမှ မန္တလေးမြို့ ပြောင်းရွေ့ကာ အထည်အလိပ်နှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများ ဖြစ် သည်။

ငယ်စဉ်က မန္တလေး စိန့်ပီတာကျောင်းတွင် တက်ရောက်သင်ကြားခဲ့ပြီး မိဘလက်ငုတ်စီးပွားရေး လုပ်ငန်းများဖြစ်သည့် အရောင်း အဝယ်လုပ်ငန်းများ ဖွံဖြိုးရန် ဆက်လက် လုပ်ဆောင်ခဲ့သည်။

စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ် ခေါင်းကိုက် ရောဂါ ဝေဒနာ ခံစားနေရသည်ကို ခေတ်မီ ဆေးပညာဖြင့် ကုသသော်လည်း ပျောက်ကင်းခြင်း မရှိပေ။

ထိုကြောင့် ၁၉၅၅ ခုနှစ်၌ ငွေစာရင်းမင်းကြီး ဦးဘခင် ဦးစီးသည့် တရားရိပ်သာတွင် လယ်တီ ဆရာတော်ဘုရားကြီး၏ တပည့် အနာဂါမ် ဆရာသက်ကြီး ၏ နည်းအတိုင်း အာနာပါန ဝိပဿနာ ကမ္မဌာန်းတရားကို ၁၀ ရက် အားထုတ်ရာ သိသိသာသာ ပျောက် ကင်း ခဲ့သည့်အတွက် ဝိပဿနာ ကမဌာန်းတရား ပြန့်ပွားရေး လုပ်ဆောင်ခဲ့သည်။

ထိုအတောအတွင်း ၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီ လက်ထက်တွင် စီးပွားရေး လုပ်ငန်းတချို့ ပြည်သူပိုင် အသိမ်းခံခဲ့ရသည့် အပြင် အိန္ဒိယနိုင်ငံ ၌ ရောက်ရှိနေသည့် ဦးဂိုအင်ကာ ကိုယ်တိုင်လည်း မြန်မာပြည်သို့ ပြန်လာခွင့် ပိတ်ပင်ခြင်း ခံခဲ့ရသည်။

၁၉၆၉ ခုနှစ်မှ စတင်ပြီး အိန္ဒိယနိုင်ငံတွင် ကမ္မဌာန်းတရားပြ ဆရာ အဖြစ် ရိပ်သာကြီးများ ဖွင့်လှစ်ကာ ဆက်လက်လုပ်ဆောင် ကမ္ဘာ ကျော် တရားပြ ဆရာကြီး ဖြစ်လာခဲ့ပြီး ပျောက်ကွယ်နေသည့် ဗုဒ္ဓတရားတော်များ အတိုင်း ပြန်လည် ဖော်ထုတ်နိုင်ခဲ့သည်။

၁၉၇၆ ခုနှစ်၌ အာကာပူရီ တရားပြ စခန်းကို စတင် တည်ထောင်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် အင်ကာပူရီ စခန်းသည် ဝိပဿနာ အင်စတီကျူ ဖြစ်လာခဲ့သည်။

ယခုဆိုလျှင် ကမ္ဘာအနှံ့ နိုင်ငံပေါင်းများစွာတွင် အမြဲတမ်း တရားရိပ်သာ ၁၅၀ ကျော်နှင့် ယာယီ တရားရိပ်သာပေါင်း များစွာ ဖွင့်လှစ် ထားပြီး လက်ထောက် တရားပြဆရာပေါင်း ၁၀၀၀ ခန့်နှင့် တရားဓမ္မ ပြန့်ပွားရေးများကို လုပ်ဆောင်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင်လည်း ထောင်တွင်း တရားရိပ်သာ ၃ ခု အပါအဝင် တရားရိပ်သာ ပေါင်း ၁၅ ခု ဖွင့်လှစ်ထားပြီး ယာယီ တရား ရိပ်သာ များလည်း ဖွင့်လှစ်ထားသည်။

မန္တလေးမြို့ရှိ ဆရာကြီး၏ တရားရိပ်သာတွင် တရားအားထုတ်ဖူးသူ တဦးက “ဆရာကြီးက အရမ်းကိုလေးစားဖို့ကောင်းတယ်၊ သူ့တရားက အလုပ်ပါတယ်၊ မိရိုးဖလာ ဗုဒ္ဓဘာသာ ကနေ တကယ်ကို ဗုဒ္ဓတရားတော်အကြောင်း သိအောင်လုပ်ပေးခဲ့တာပါ”ဟု ဆို သည်။

၂၀၀၀ ခုနှစ်က ကုလသမဂ္ဂ၌ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် နိုင်ငံပေါင်းစုံ ဘာသာရေး ခေါင်းဆောင်များ၏ ထောင်စုနှစ် ရည်မှန်းချက် များ တွေ့ဆုံပွဲတွင် ဆရာကြီး ဂိုအင်ကာ ၏ ငြိမ်းချမ်းရေး ဟောပြောချက်မှာ အထူးကျော်ကြားခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading