သတင်းတို

ဂျပန် စစ်ရေယာဉ် ၃ စင်း မြန်မာနိုင်ငံလာရောက်

This article has been converted from Zawgyi One to Unicode

ဂျပန်နိုင်ငံ ၊ ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့ (Maritime Self Defense Force) မှ KASHIMA၊ SHIRAYUKI နှင့် ISYUKI အမည်ရှိ လေ့ကျင့်ရေး စစ်ရေယာဉ် ၃ စင်းသည် စက်တင်ဘာလ ၃၀ ရက်နေ့  မနက်  ၁၁ နာရီ ၃၀ မိနစ်တွင် ရန်ကုန်မြို့၊  သန်လျင် သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာပြီး ယင်းစစ်ရေယာဉ်များတွင် အရာရှိ ၊ အရာထမ်း စုစုပေါင်း ၇၂၄ ဦး လိုက် ပါလာကာ စက်တင်ဘာ ၃၀ မှ အောက်တိုဘာ ၄ ရက်နေ့အထိ ၅ ရက်ကြာ နေထိုင်မည်ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

Loading