မလေးရှား ဘုရင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မလေးရှား တပ်မတော် နှစ် ၈၀ ပြည့်နေ့တွင် ပေးအပ် ချီးမြှင့်သည့် Honorary Malaysian Armed forces Order For Valour (First Degree) – Gallant Commander of Malaysian Armed Forces ဘွဲ့တံဆိပ်ရရှိပြီး မြန်မာနှင့်မလေးရှား တပ်မတော်များ ကြား ချစ်ကြည် ရင်းနှီးမှုနှင့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများ ဖော်ဆောင်နိုင်သဖြင့် ယင်းဘွဲ့တံဆိပ် ရရှိခြင်း ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။