သတင်း

သံတွဲ ပဋိပက္ခ သေဆုံးသူ ၅ ဦး အထိရှိ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် သံတွဲမြို့နှင့် ကျေးရွာတချို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အိမ်ခြေ ၆၀ ဝန်းကျင် မီးလောင်ကျွမ်းခဲ့ပြီး သေ ဆုံးသူ စုစုပေါင်း ၅ ဦး အထိရှိပြီ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူများသည် ယမန်နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခများအကြား ပါဝင်သူများဖြစ်ကြောင်း သံတွဲမြို့နယ် ရဲတပ် ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တဦးက ဧရာဝတီ ကို ပြောသည်။ သေဆုံးသူ ၅ ဦးတွင် အမျိုးသမီးတဦး ပါဝင်ကြောင်း သိရသည်။

“အမျိုးသမီး အလောင်း နဲ့ အမျိုးသား ၄ ဦးကို သံတွဲဆေးရုံ ပို့ထားပါတယ်၊ ဒီနေ့တော့ အခြေအနေတွေက တည်ငြိမ်နေပါပြီ”ဟု ရဲစခန်း တာဝန်ရှိသူ က ပြောသည်။

ပဋိပက္ခအတွင်း ဒဏ်ရာရရှိသူ ၄ ဦးရှိပြီး ၁ ဦး ပျောက်ဆုံးနေကြောင်း၊ ဒဏ်ရာရရှိသူများကို သံတွဲ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သံတွဲဆေးရုံ ဝန်ထမ်း တဦးကို ကိုးကား၍ နိရဉ္စရာ သတင်းတွင်လည်း ဖော်ပြထားသည်။

သေဆုံးသူများသည် တောင်ပေါ် သပြုချိုင် ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အတွင်း သေဆုံးသူများဟု သိရသည်။

ထို့အတူ ကျီးကန်းရဲ ကျေးရွာမှ အမျိုးသား တဦးလည်း သေဆုံးသွားကြောင်း ရဲ တာဝန်ရှိသူက ပြောသည်။

“သူကတော့ ဆူပူအကြမ်းဖက်မှုမှာ ပါဝင်ပြီး သေတာ မဟုတ်ပါဘူး၊ နှလုံးရောဂါ အခံနဲ့ သေတာပါ”ဟု ရဲ စခန်း တာဝန်ရှိသူက ဆို သည်။

စက်တင်ဘာလ ၂၈ ရက်နေ့က စတင်ခဲ့သော ပဋိပက္ခများကြောင့် ရွှေလှေ၊ ပေါက်တော၊ သပြုချိုင် စသည့် ကျေးရွာများ၌ မီးရှှို့မှု ဖြစ်ပွားသည့်အတွက် အိမ်ခြေ ၅၉ အိမ် မီးလောင် ကျွမ်းခဲ့ကြောင်း၊ ယနေ့တွင် အခြေအနေများ တည်ငြိမ်နေပြီ ဖြစ် ကြောင်း၊ ပြည်နယ်အစိုးရ အဖွဲ့မှ သက်ဆိုင်ရာ ဝန်ကြီးများလည်း သံတွဲသို့ သွားရောက် ကြီးကြပ်နေကြောင်း ရခိုင်ပြည် နယ်အစိုးရ၏ ပြောခွင့်ရသူ ဦးဝင်းမြိုင် က ပြောသည်။

သံတွဲမြို့၌ ယမန်နေ့က စတင်၍ ပုဒ်မ ၁၄၄ (ညမထွက်ရ အမိန့်) ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ထုတ်ပြန် ထားသည်။ ယခုအခါ မြို့ပေါ် တဝိုက်တွင် သံတွဲအခြေစိုက် တပ်ရင်းများနှင့် နယ်မြေ ရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာ အာဏာပိုင်များက လုံခြုံရေး တာဝန်ယူ ဆောင်ရွက်ထားကြောင်း ဒေသခံများက ပြောပြသည်။

ယနေ့ထုတ် အစိုးရ သတင်းစာများက ရေးသားဖော်ပြထားရာတွင် စက်တင်ဘာလ ၂၈ ရက်နေ့ညနေက စတင်ခဲ့သော ပဋိပက္ခများကြောင့် အိမ်တချို့မီးလောင်ကျွမ်းခဲ့ပြီး၊ ဒွါရာဝတီ မြို့သစ် ဈေးရှိ ဓာတ်ဆီဆိုင် တဆိုင် မီးရှှို့ဖျက်ဆီးမှု ဖြစ်ပွားခဲ့ကြောင်း၊ ကျောက်ကြီး၊ မန်ကျည်းချောင်ရွာ တို့တွင် မီးရှို့မှုဖြစ်ပွားကြောင်း ရေးသားထားပြီး အသေးစိတ်ရေးသား ဖော်ပြထားခြင်း မရှိပေ။

သံတွဲမြို့ပဋိပက္ခ ဖြစ်နေချိန်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည်လည်း ရခိုင်ပြည်နယ်သို့ ရောက်ရှိနေပြီး၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တော စသည့်မြို့နယ်များသို့ သွားရောက်၍ ဒေသတွင်း အခြေအနေများကို လေ့လာ၍ ဒေသခံများနှင့်တွေ့ဆုံနေကြောင်း၊ ယနေ့ နေ့လယ်ပိုင်းတွင် ကျောက်ဖြူမြို့သို့ ရောက်နေပြီး၊ ညနေတွင် သံတွဲမြို့သို့ သွားရောက်မည်ဟု ပြည်နယ် အစိုးရ က ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading