သတင်းတို

မြေသိမ်းခံရမှုကြောင့် မိကျောင်းကန်ပြည်သူများ ရန်ကုန်မြို့တော်ခန်းမအနီးတွင် သပိတ် စခန်းဖွင့်

This article has been converted from Zawgyi One to Unicode

ကာကွယ်ရေးဝန်ကြီးဌာနက ၁၉၉၁ ခုနှစ်တွင် သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ၁ ရပ်ကွက် ၂ ရပ်ကွက်နှင့်  ၃ ရပ်ကွက်မှ  မြေများကို  မတရားသိမ်းဆည်းခဲ့မှုကို ကန့်ကွက်သည့်အနေဖြင့် မိကျောင်းကန်  ဒေသခံများက ရန်ကုန်မြို့တော်ခန်းမအနီး  မဟာဗန္ဓုလ ပန်းခြံဘေး တွင် အောက်တိုဘာ ၂ ရက်နေ့မှစတင်ပြီး သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြ လျက်ရှိကြောင်း၊ စစ်တပ်က သိမ်းယူခဲ့သည့် မြေများကို မူလပိုင်ရှင် များထံ  ပြန်လည်ပေးအပ်ရေး  မလိုက်လျောမချင်း ဆက်လက် သပိတ်စခန်း မပိတ်သိမ်းဟု ဆန္ဒပြ သူများက  ဧရာဝတီသို့ ပြောဆိုကြသည်။

Loading