ကရင်အမျိုးသား အစည်းအရုံး (KNU) က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့်သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပြီး အစိုးရနှင့် Code of Conduct သဘောတူပြီးဖြစ်ကြောင်း၊ တနိုင်ငံလုံး အပစ်ရပ်ရေး ကတိပြု လက်မှတ်ထိုးရာတွင် အစိုးရနှင့်တူ စစ်တပ်ကပါ ပါဝင်ရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ သက်သေများ ပါဝင်ရမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးမှု ၊ နိုင်ငံရေးမူဘောင်ကို အကောင်အထည်ဖော်ရန် အစိုးရက အသိအမှတ်ပြု သဘောတူညီရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံ တည်ဆောက်ရေး အားလုံး၏ သဘောတူညီချက် ရယူရန် ဖြစ်ကြောင်းနှင့် လက်နက်ကိုင်အဖွဲ့နှင့် အစိုးရအကြား နှစ်ဖက် ကြီးကြပ်ရေး အဖွဲ့များ ထားရှိရန် အချက်ကိုလည်း သဘောတူရမည် ဖြစ်ကြောင်း သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။