သတင်းတို

မူဆယ် နယ်စပ်ဝင်ပေါက်မှ ကမ္ဘာလှည့်ခရီးသည်များ ဝင်ခွင့်ပြုမည်

This article has been converted from Zawgyi One to Unicode

တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်များ ဝင်ထွက်ခွင့်ပြုနိုင်ရေး စီစဉ် လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဒုတိယဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်းက ယမန်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် နိုင်ငံပေါင်း ၅၁ နိုင်ငံမှ ခရီးသွား ဧည်သည့်များကို ဆိုက်ရောက် ဗီဇာပေးလျက်ရှိပြီး ရေလမ်းခရီးမှ ဝင်ရောက်လာသော ခရီးသည်များကိုလည်း ဆိုက်ရောက် ဗီဇာ ထုတ်ပေး လျက်ရှိကြောင်း သိရှိရသည်။

Loading