ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ကိုကိုးကျွန်း၏ အနောက်တောင် ဘက်မိုင် ၆၀ ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြု၍ အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနေပြီး လာမည့် ၁၂ နာရီ အတွင်း ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း၊ မုန်တိုင်း အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် ရေပြင်၊ မြေပြင်လေသည် ၁ နာရီ လျှင် မိုင် ၄၀ မှ ၄၅ မိုင် အထိ တိုက်ခတ်နိုင်ပြီး လတ်တလော မုန်တိုင်းသည် မြန်မာနိုင်ငံ သို့ ဝင်ရောက်နိုင်ခြင်းမရှိသဖြင့် အဝါရောင်အဆင့်သတ်မှတ်ထားကြောင်း မိုးလေဝသ နှင့်ဇလဗေဒ ဦးစီးဌာန၏ ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။