ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်းတိုင်း Phailin ကြောင့် ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ် ဒေသ များတွင် တနာရီ မိုင် ၅၀ အထိ တိုက်ခတ်နိုင်သော မိုးသက်လေပြင်းများ ကျရောက်နိုင်ကြောင်း၊ ယင်းဆိုင်ကလုန်း မုန်တိုင်း သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း သြရိဿ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း၊ မုန်တိုင်း၏ ဗဟို ချက် အနီး လေတိုက်နှုန်းသည် တနာရီ မိုင် ၁၅၀ နှုန်းအထိ ရှိနိုင်ပြီး ပင်လယ်ရေလှိုင်း အမြင့် ၅၀ ပေအထိ ရှိနိုင် ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနနှင့် မိုးလေဝသ ပညာရှင် ဦးထွန်းလွင်၏ ထုတ်ပြန်ချက်ပြောဆိုချက်အရ သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။