သတင်းတို

၃ ရက်အတွင်း ဗုံး ၃ လုံး ပေါက်၊ ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရ

This article has been converted from Zawgyi One to Unicode

ရန်ကုန်နှင့်ပဲခူးတိုင်းတွင် အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဗုံး ၃ လုံးပေါက်ကွဲခဲ့ပြီး အောက်တိုဘာ ၁၁ ရက်နေ့ တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်းတွင် ဗုံးပေါက်ကွဲမှုကြောင့် လူ ၂ ဦး သေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အောက်တိုဘာ ၁၂ ရက်နေ့ မနက် ၁ နာရီ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း မင်္ဂလာဒုံဘက်သို့ သွားသည့် ကားမှတ်တိုင် တခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး  ထိခိုက်မှု မရှိကြောင်း၊ ယင်းနေ့ ညနေ ၅ နာရီ ၃၀  မိနစ် သာကေတ မြို့နယ် မာန်ပြေ ၃ ရပ်ကွက် ကားမှတ်တိုင် တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကလေး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Loading