သတင်း

ရန်ကုန်နှင့် မန္တလေးတွင် မိုင်းနှင့် ချိန်ကိုက်ဗုံးထောင်မှုများ အချိန်မီတားဆီး

This article has been converted from Zawgyi One to Unicode

Warning: Illegal string offset 'sizes' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 455

Warning: Illegal string offset 'medium_large' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 455

Warning: Illegal string offset 'caption' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 455

Warning: Illegal string offset 'sizes' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 460

Warning: Illegal string offset 'xlarge' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 460

Warning: Illegal string offset 'caption' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 460

Warning: Illegal string offset 'sizes' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 461

Warning: Illegal string offset 'thumbnail' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 461

Warning: Illegal string offset 'caption' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 461

ရန်ကုန်မြို့ နှင့် မန္တလေးမြို့ရှိ အများပြည်သူ သွားလာလျက်ရှိသည့် နေရာများတွင် မိုင်းနှင့် ချိန်ကိုက် ဗုံးထောင်မှုများ ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှု မဖြစ်ပွားမီ တပ်မတော်နှင့်ရဲတပ်ဖွဲ့က  အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ မနက်ပိုင်း ၁၀ နာရီ ဝန်းကျင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်(အနောက်) ရပ်ကွက်၊ ကမ်းနား လမ်းတွင် ဖွင့်လှစ်ထား သော Western Park Ruby စားသောက်ဆိုင်တွင် ဆိုင်သန့်ရှင်းရေး ပြုလုပ်စဉ် မသကာၤဖွယ်ရာ အမည်းရောင် ကြွပ်ကြွပ်အိတ် တခုကို  စားပွဲထိုး ကိုကျော်ဇေယျာမင်းက တွေ့ရှိ၍ သက်ဆိုင်ရာသို့ အကြောင်းကြား ခဲ့ကြောင်း၊ ယင်းနောက် အလုံမြို့နယ် ရဲစခန်းက လာရောက်စစ်ဆေးခဲ့ပြီး မိုင်းဟု အတည်ပြုခဲ့ကြောင်း သတင်း ရရှိသည်။

အလုံမြို့နယ်ရဲစခန်းမှ  စခန်းမှူး ဒုတိယရဲမှူးဝင်းနိုင်“ကျနော် သွားစစ်ဆေးတော့ အနက်ရောင် ကြွပ်ကြွပ်အိတ်ထဲမှာ အဖြူရောင်၊ အဝါရောင် ဓါတ်ကြိုးတွေနဲ့ ကိုယ်ထည် ထိပ်ကို တိပ်ပတ်ထားတဲ့ ချိန်ကိုက်ဗုံးလို့ ယူဆလို့ရတဲ့ ပစ္စည်းတခုကို တွေ့ပါတယ်။ ၁၂နာရီ ၄၅ မိနစ် မှာ မိုင်းလို့  တပ်မတော် အင်ဂျင်နီယာတပ်ရင်းက အတည်ပြုပြီး သိမ်းဆည်း လိုက် ပါတယ်´´ဟု ပြောသည်။

မိုင်းတွေ့ရှိသည့် Western Park စားသောက်ဆိုင်သည် မနက်ပိုင်းအချိန်တွင် မဖွင့်လှစ်ရသေးဘဲ ဆိုင် သန့်ရှင်းရေး ပြုလုပ်နေဆဲ ဖြစ်သည့်အတွက် မိုင်းပါသော အထုပ်ကို ယမန်နေ့ညကတည်းက ထားရှိခဲ့သည့်သဘောဖြစ်ပြီး ယင်းဆိုင် တွင် CCTV ကင်မရာ မရှိကြောင်း၊ မိုင်းတွေ့ရှိသည့် စားပွဲတွင် စားသောက်သွားသည့် လူစာရင်းကို ယင်း စားသောက်ဆိုင် မှ တောင်းယူပြီး သက်ဆိုင်ရာက ဆက်လက် စုံစမ်းလျက်ရှိကြောင်း၊ မိုင်းတွေ့ရှိသည့်အမှုကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က တိုက်ရိုက် ကိုင်တွယ် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

အလားတူ ယနေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်ခန့်တွင် မန္တလေးမြို့ ကျုံးအနောက်ဖက် ၁၆ လမ်းနှင့် လမ်း ၈၀ ထောင့်ရှိ ရွှေဘဲ စားသောက်ဆိုင် အနီး လမ်းဘေး အုတ်ခုံတွင် ချိန်ကိုက်ဗုံး တလုံးတွေ့ရှိခဲ့ပြီး စနက်တံဖြုတ်ရန် ခက်ခဲသောကြောင့် နေ့လည် ၃ နာရီ တွင် ဗုံးကို စနစ်တကျ ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသော မန္တလေး အခြေစိုက် ဧရာဝတီ သတင်းထောက်က ဆိုသည်။

ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် နောက်ဆုံးရရှိသည့်သတင်းအရ မန္တလေးမြို့ ၆၂ လမ်း၊ ၂၉ လမ်းနှင့် လမ်း ၃၀ ကြား ဝေပုလ္လာရာမကျောင်းတိုက် မသင်္ကာဖွယ်ရာ အထုပ်တထုပ်တွေ့ရှိထားပြီး သက်ဆိုင်ရာက သဲအိတ်များ ကာရံထားပြီး ဗုံးဟုတ်၊ မဟုတ် စစ်ဆေးနေကြောင်း သိရှိရသည်။

ချိန်ကိုက်ဗုံးနှင့် မိုင်းများ မတွေ့ရှိမီ အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၃ ရက်အတွင်း ရန်ကုန်မြို့နှင့် ပဲခူးတိုင်းအတွင်း ဗုံးပေါက်ကွဲမှု ၃ ခုဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံး၍ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁ နာရီခန့်က ရန်ကုန်- ပြည်လမ်း အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ကားမှတ်တိုင် တွင် ဗုံးတလုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာ ရမှုမရှိဘဲ နောက်ထပ် မပေါက်ကွဲသေးသည့် ဗုံးတလုံးကိုလည်း လုံခြုံရေး တပ်ဖွဲ့များက ရှာဖွေတွေ့ရှိ ဖယ်ရှားနိုင်ခဲ့ကြောင်း၊ ထပ်မံတွေ့ရှိရသည့် ဗုံးမှာ စော်ဘွား ကြီးကုန်းကားမှတ်တိုင်ရှိ Natural Clay ဂျပန် အုတ်ကြွပ်အမိုး ကြော်ငြာဆိုင်းဘုတ် ဝဲဘက် ရှိ စည်ပင်အမှိုက်ပုံး အနီးတွင် ဖြစ်ကြောင်း၊ ပလတ်စတစ် အိတ် အနက်ရောင်ဖြင့် ထည့်ထားသော အလျား ၄ လက်မ၊ အနံ ၂ လက်မ၊ ထု ၁ လက်မရှိ C-4 ယမ်း၊ ဒီတိုနေတာ၊ နှိုးစက် နာရီ၊ ဝါယာကြိုးများ တပ်ဆင်ထားသည့် လက်လုပ် မိုင်း အမျိုးအစား ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ ညပိုင်းတွင် ရန်ကုန်တိုင်း သာကေတမြို့နယ် အခွန်လွတ်ဈေးအနီး လမ်းဘေး ပလက်ဖောင်း အနီး လမ်းဘေး ရပ် ထားသည့် နောက်တွဲယာဉ်တစီးအောက်မှ အထုပ်တခုအားဖြည်ကြည့်ရာ ပေါက်ကွဲမှုဖြစ်ပြီး လူငယ် ၂ ဦး ဒဏ်ရာ ရခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

သာကေတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစံဝင်းက “ဒဏ်ရာ ရတဲ့ကလေး ၂ ဦးကလည်း ဘယ်လိုမှ စိုးရိမ်စရာ မရှိပါဘူး၊ လက်ကလေး၊ ခြေထောက်ကလေး မီးလောင်ဒဏ်ရာရ တဲ့ အခြေအနေမျိုးပါ”ဟု ဆိုသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း ပဲခူးတိုင်း တောင်ငူမြို့နယ်ရှိ ချမ်းမြေ့တည်းခိုခန်းတွင် ဗုံးပေါက်ကွဲမှု ကြောင့် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းကလည်း ညောင်လေးပင်မှ ဖြူးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစီးပေါ်တွင် မသင်္ကာဖွယ် အထုပ်တခုအား လုံခြုံရေး တပ်ဖွဲ့များထံ သတင်းပို့အပ်နှံခဲ့ပြီးနောက် အဆိုပါ အထုပ်ကို သဲအိတ်များ ကာရံပြီး ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုဖြစ်ပွားနေသော ဗုံးပေါက်ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများသည် ယခင်စစ်အစိုးရများ စွပ်စွဲခံခဲ့ရသည့် လက်နက်ကိုင်အဖွဲ့များ၏ လက်ချက်မဖြစ်နိုင်ကြောင်း၊ နိုင်ငံရေးအပြောင်းအလဲတွင် မတည်မငြိမ်ဖြစ်နေသည်ကို ပုံဖော်ရန် လှုံ့ဆော်ဖန်တီးမှုများ ရှိနေ သည်ဟု သံသယဖြစ်မိကြောင်း ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်တဦးဖြစ်သူ ဦးကိုကိုကြီးက ဧရာဝတီကို ပြောသည်။

“ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကြပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့အချိန်၊ နိုင်ငံတကာ အခမ်းအနားတွေကိုလည်း လက်ခံပြီးကျင်းပဖို့ လုပ်နေတဲ့အချိန်မျိုးမှာ တည်ငြိမ်မှု မရှိဘူး၊ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဖြစ်နေ တယ် ဆိုတာကို အရပ်သား အစိုးရအသွင်ပြောင်းဖို့ ကြိုးစားနေတဲ့ကာလမှာ ဒါဟာ အချိန်ကိုက်ပြီး လုပ်နေတယ်လို့် ကျနော် တော့ အဲဒီလိုပဲ မြင်တယ်”ဟု သူက ဆိုသည်။

ယခုပေါက်ကွဲမှုများနှင့်ပတ်သက်၍ လက်ရှိအစိုးရကလည်း မည်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တဦးတယောက်ကိုမျှ ယခင် ကကဲ့သို့ စွပ်စွဲမှုများ မလုပ်သေးဘဲ စုံစမ်းမှု၊ အပူတပြင်း ရှာဖွေမှုများ လုပ်ဆောင်လျက်ရှိပြီး မည်သည့်အဖွဲ့အစည်း ကမျှလည်း ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ကြေညာခြင်းမျိုး မရှိသေးပေ။

(ဧရာဝတီ သတင်းထောက် လင်းသန့်၊ ထက်နိုင်ဇော်နှင့် တေဇလှိုင်တို့ ပူးပေါင်းရေးသားသည်)

Loading