• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငြိမ်းချမ်းရေးအတွက် မြစ်ကြီးနားတမြို့လုံး လျှပ်စစ်မီး ရဖို့ လုပ်ပေးမည်

by မေခ
15 October 2013
in သတင်း
A A
မြစ်ကြီးနား, လျှပ်စစ်မီး, ကချင်ပြည်နယ်, ငြိမ်းချမ်းရေး

မြစ်ကြီးနား လေဆိပ်မြင်ကွင်း (ဓာတ်ပုံ - စောရန်နိုင် / ဧရာဝတီ)

2.1k
VIEWS
Share on FacebookShare on Twitter

ငြိမ်းချမ်းရေးအတွက် အောက်တိုဘာလကုန်တွင် မြစ်ကြီးနားမြို့တမြို့လုံး လျှပ်စစ်မီးရရှိစေရန် လုပ်ဆောင်ပေးသွားမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားလိုက်သည်။

ယခင်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့အတွင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နှင့် သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တောဦးစီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းတို့သာ အဖွဲ့ဝင်အဖြစ် လိုက်ပါတတ်သော်လည်း ယခုတခေါက် မြစ်ကြီးနားမြို့တွင် အောက်တိုဘာ ဂ၊ ၉၊ ၁၀ ရက် ၃ ရက် အကြာ ဆွေးနွေးညှိနှိုင်းမှုတွင်မူ လျှပ်စစ် ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးပါ အဖွဲ့ဝင်အဖြစ် ထပ်မံ ပါဝင် လိုက်ပါလာသည့် အပေါ် မေးမြန်းစဉ် ၎င်းက ထိုသို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။

RelatedPosts

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

18 June 2025
16
မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

18 June 2025
102
သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

18 June 2025
1.1k

“အမှန်က ဒီအဖွဲ့မှာက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီးသားပါ။ နောက်တခုကတော့ လကုန်မှာ မြစ်ကြီးနားတမြို့လုံး မီးရရေးအတွက် လာပြီး လုပ်ဆောင်တာလည်း ပါတာပေါ့။ ကြိုးသွယ်တန်းရေး ကိစ္စတွေကို လုပ်ဆောင်နေပါပြီ။ ဒီလကုန်မှာတော့ မြစ်ကြီးနား က မီးလုံးဝ လင်းတော့မှာပါ” ဟု သူက ဆက်ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားအတွက် ချီဗွေငယ် ရေအားလျှပ်စစ်မှ ၉၉ မဂ္ဂါဝပ်၊ တာပိန် ၁ မှ ၁၁၀ မဂ္ဂါဝပ် စသည်တို့မှ စုစုပေါင်း လျှပ်စစ်မဂ္ဂါဝပ် ၂၀၀ ခန့် ထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း၊ ၎င်းတို့မှ တဆင့် လိုင်းသွယ်တန်းရန် စီစဉ်ထားကြောင်း သိရသည်။

“မြေပေါ်ကြိုးတွေ အခု ဆက်ပြီးတော့ လုပ်နေပါတယ်။ အစိုးရပိုင်းကပဲ လုပ်ဆောင် ပေးနေတာပါ။ မြစ်ကြီးနားအပြင် မိုးကောင်း၊ မိုးညှင်း၊ ဟိုပင် စတဲ့နေရာတွေပါ ရမယ်။ ဒေါ့ကွန်းယံ ဘက်လည်း လိုင်းဆွဲနေပြီ။ ဒီနှစ်မကုန်ခင်တော့ ကချင်ပြည်နယ် တခုလုံး မီးလင်းမယ် ထင်တယ်” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မလိချောင်း ရေအားလျှပ်စစ် ထုတ်လုပ်မှုမှ မီးရယူနေရပြီး လောက်ငမှုမရှိ သည့်အတွက် ပြည်နယ်အစိုးရမှ မီးစက်ဖြင့် မီးပေးလျှက် ရှိသည်ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

“အခု လတ်တလောမှာ မလိချောင်းဘက်က ရေအားလျှပ်စစ် ထုတ်တဲ့အပိုင်းက မိုးရေကြီးလို့ ပျက်စီးသွားတော့ လတ်တလောမှာ မီးစက်နဲ့ပဲ မီးပေးနေရတယ်။ ဒီတော့ အချိန်ပြည့် မပေးနိုင်ဘူး” ဟု ကချင်ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ရှိသူ တဦးက ဆိုသည်။

မီးစက်ဖြင့် မီးပေးသည်ဟု ဆိုသော်လည်း ပြည်နယ်တခုလုံး လောက်ငှအောင် ပေးနိုင်ခြင်း မရှိသေးကြောင်း မြစ်ကြီးနား ဒေသခံ များထံမှ သိရသည်။

“မီးပေးတယ် ဆိုတာ အချိန်ပိုင်းပါပဲ။ များသောအားဖြင့် စီးပွားရေးလုပ်ရင် ကိုယ့်မီးစက်နဲ့ကိုယ် လုပ်ရတာ များပါတယ်။ အခုကတော့ နေ့ခင်းပိုင်းက လုံးဝ မီးမရတာများတယ်။ အစိုးရက ပေးတယ်ဆိုပေမယ့် လောက်ငှမှု မရှိပါဘူး” ဟု ဒေသခံ ဟိုတယ်လုပ်ငန်းရှင် တဦးဖြစ်သူ လဂျန် မိုင်ဂျာက ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိ လျှပ်စစ်ထုတ်လုပ်နိုင်သည့် ပမာဏမှာ ၃၀ ရာခိုင်နှုန်းသာ ရှိနေပြီး လာမည့် ၂၀၁၄ တွင် ၁၅ ရာခိုင်နှုန်း ထပ်မံ တိုးမြှင့် ထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း၊ ၂၀၁၅ တွင် စုစုပေါင်း ထုတ်လုပ်မှုပမာဏ ၅၀ ရာခိုင်နှုန်း ရှိစေရန် စီစဉ် လုပ်ဆောင် နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။

Your Thoughts …
Tags: Electricity
မေခ

မေခ

ဧရာဝတီ

Similar Picks:

လျှပ်စစ်မီး, ဓာတ်လိုက်သေဆုံးမှု, လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန

လျှပ်စစ်အန္တရာယ် ကင်းဝေးဖို့ ဘယ်သူတွေ တာဝန်ယူသင့်သလဲ

by သွေး (စစ်ကိုင်း)
4 July 2014
2.6k

နယ်တွေ မဆိုထားနဲ့ ရန်ကုန်မြို့ မှာတောင် လျှပ်စစ်ဓာတ်ကြိုး သွယ်တန်း ထားမှုတွေ စနစ်မကျတာ တွေ့ရပါတယ်။ ဓာတ်ကြိုး တွေဟာ ရှုပ်ထွေးနေသလို သက်တမ်း ကြာမြင့်နေတဲ့ ဓာတ်ကြိုး တွေကို လဲလှယ်ပေးမှု အပိုင်းမှာ အားနည်းနေ ပါသေးတယ်။

လျှပ်စစ်, မီတာခ, ရေအားလျှပ်စစ်, လျှပ်စစ်စွမ်းအား, ပွင့်လင်းမြင်သာမှု

“လျှပ်စစ် ပိုလျှံလို့ ရောင်းရတာ မရှိသေးပါဘူး”

by ဧရာဝတီ
21 June 2014
6.5k

ဧရာဝတီ သတင်းထောက် မေခက လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးခင်မောင်စိုးနဲ့ လျှပ်စစ်မီး လိုအပ်ချက်၊ ထုတ်လုပ်မှု၊ ဖြန့်ချိရောင်းချမှု၊ အခက်အခဲ များအကြောင်း တွေ့ဆုံမေးမြန်း ထားပါတယ်။

သံလွင် တာဆန်းဆည် စီမံကိန်း စတင်ရန် ပြင်ဆင်နေ

သံလွင် တာဆန်းဆည် စီမံကိန်း စတင်ရန် ပြင်ဆင်နေ

by သန်းထိုက်ဦး
6 October 2012
5.9k

ကရင်ပြည်သူ့ပါတီ (KPP) မှ တွဲဖက် အတွင်းရေးမှူး ဦးစောမိုးမြင့်က “ဧရာဝတီကိုပဲ လူတွေက အာရုံစိုက်ကြတယ်၊ သံလွင်ကိုတော့ လူတွေက မေ့နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

သံလွင် အထက်ပိုင်း ရေကာတာများ စဆောက်တော့မည်

သံလွင် အထက်ပိုင်း ရေကာတာများ စဆောက်တော့မည်

by မေခ
6 September 2013
2.1k

သံလွင်မြစ် အထက်ပိုင်းရှိ ကွမ်လုံနှင့် နောင်ဗပန်တောင်း ရေအားလျှပ်စစ် စက်ရုံများကို ယခုနှစ်အတွင်း စတင် တည်ဆောက် တော့မည်။ စီမံကိန်း ခံစားချက်အရ နိုင်ငံအနေဖြင့် ထုတ်လွှတ်သည့် ရေအားလျှပ်စစ် မဂ္ဂါဝပ်မှ ၂၅ ရာခိုင်နှုန်းကို ရရှိမည်။

နှစ်ကျပ်ခွဲရွာ ရိုက်ပွဲ ဘယ်လိုဖြစ်

နှစ်ကျပ်ခွဲရွာ ရိုက်ပွဲ ဘယ်လိုဖြစ်

by မန်းသားလေး
4 March 2013
11.6k

ဦးတင်ဖေ၊ ဦးစိန်ခွက်၊ ဦးအောင်နိုင်ဦးနှင့် ဦးကံမိုးတို့ အချုပ်ကျနေသည့် ဦးကောသလ္လထံသို့ သွားရောက် သတင်းမေးစဉ် အဖမ်းခံရခြင်း ဖြစ်ပြီး ကျောက်ပန်းတောင်းသို့ ဈေးတက်ရောင်းသည့် ကိုယ်ဝန်သည် မထားထားဦးလည်း အဖမ်းခံရသည်

စွမ်းအင်, လျှပ်စစ်မီး, NLD,

စွမ်းအင်လိုအပ်ချက် အလျင်မီဖို့

by သစ်နေမိုး
21 January 2016
3k

မြန်မာနိုင်ငံရဲ့ သန်းခေါင်စာရင်းမှာပါတဲ့ အိမ်ထောင်စုပေါင်း ၁၁ သန်းနီးပါးမှာ အိမ်ထောင်စု ၃.၅ သန်းခန့်သာ မီးပေးနိုင်နေတာဖြစ်ပြီး အိမ်ထောင်စုပေါင်း ၇ သန်းကျော်ဟာ လျှပ်စစ်မီး လိုအပ်ချက် ရှိနေပါတယ်။

Next Post
နိုင်ငံရေး, နိုင်ငံရေးပါတီ, ရွေးကောက်ပွဲ

လူ့ဘောင်သစ်ပါတီ ပြန်လည် မှတ်ပုံတင်နိုင်ရန် ကြိုးစားနေ

ဗုံးပေါက်ကွဲမှု, တောင်ငူ, ကုန်သည်ကြီးများဟိုတယ်

ကုန်သည်ကြီးများ ဟိုတယ် ဗုံးကွဲမှု သံသယရှိသူ ၁ ဦး ဖမ်းဆီးရမိ

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate