• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Women

အမျိုးသမီး ဗိုလ်လောင်း ၁၀၀ ခန့် ခေါ်ယူမည်ဟု စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ပြော

by မေစစ်ပိုင်
17 October 2013
in Women
A A
အမျိုးသမီး ဗိုလ်လောင်း, တပ်မတော်

အမျိုးသမီး စစ်ဆေး ဗိုလ်လောင်းများကို တွေ့ရစဉ် (ဓာတ်ပုံ - ရောင်နီဦး / Facebook)

8k
VIEWS
Share on FacebookShare on Twitter

မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် ဘွဲ့ရ အမျိုးသမီး စစ်ဗိုလ်လောင်း ၁၀၀ ဦးခန့် ခေါ်ယူသွားမည်ဖြစ်ပြီး ယင်းခေါ်ယူမှုသည် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်ပြန်လည် ခေါ်ယူမှုဖြစ်ကြောင်း တပ်မတော် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦးက ဧရာဝတီသို့ပြောသည်။

အမျိုးသမီးဗိုလ်လောင်းများအလိုရှိကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့မှစတင်ပြီး နိုင်ငံပိုင်သတင်းစာများတွင် ခေါ်ယူလျက်ရှိပြီး  တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိပြီးသူများ၊ မဟာဘွဲ့ရများ၊ ပါရဂူဘွဲ့ ရအမျိုးသမီးများအနေဖြင့်  ဗိုလ်လောင်း လျှောက်ထားနိုင်ကြောင်းဖော်ပြထားသည်။

RelatedPosts

မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

18 June 2025
0
သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

18 June 2025
1k
ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
305

“တပ်ခွဲတခွဲ အင်အားလောက်ခေါ်မယ်။ အရေအတွက်က ၅၀ဦးနဲ့ ၁၀၀ဦး ကြားဖြစ်နိုင်တယ်၊  နောင်နှစ်တွေမှာလည်း
အမျိုးသမီးဗိုလ်လောင်းတွေ ဆက်တိုက်ခေါ်ဖို့ရှိတယ်”ဟု စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦးက ဧရာဝတီ သို့ ပြောသည်။

ယခင်က ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းများကို ၁၉၅၈ခုနှစ် အထိသာ ခေါ်ယူခဲ့ဖူးပြီး အရေအတွက်အားဖြင့် အမျိုးသမီး တပ်မတော် အရာရှိ ၄၀ခန့် ရှိခဲ့ကြောင်း၊ အဆိုပါအမျိုးသမီးများတပ်မတော်အရာရှိများတွင်  တချို့သည် စစ်တပ်တွင် ဒုတိယဗိုလ်မှူးကြီး နှင့် ဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ကြပြီး ယခုခေါ်ယူမှုသည် ၁၉၅၈ ခုနှစ် နောက်ပိုင်း တွင် ပထမဆုံးအကြိမ် ပြန်လည်ခေါ်ယူမှုဖြစ်ကြောင်း သိရှိရသည်။

တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် အမျိုးသမီးဗိုလ်လောင်းများခေါ်ယူရခြင်းမှာ  ဘွဲ့ရ ပညာတတ် မိန်းကလေး များသည် အလုပ်အကိုင်နေရာ ထိုက်ထိုက် တန်တန်မရရှိခြင်းနှင့်၊ အမျိုးသမီးများသည် စိတ်ရှည်ပြီး တပ်မတော်၏ တချို့ရာထူး နေရာများသည် အမျိုးသမီးများနှင့်ပိုမိုသင့်တော်သည့်အတွက် တာဝန်ပေးအပ်ရန် ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။

“သင်တန်းအောင်မြင်တဲ့ သူတွေကို စစ်တပ်က ရုံးတွေမှာ ဦးစီးအရာရှိအဖြစ် ခန့်ထားမှာပါ၊ သင်တန်းကာလမှာ ဗိုလ်လောင်း တယောက် ရသင့်ရထိုက်တဲ့ လစာပေးမယ်။ ရာထူးကလည်း သတ်မှတ်ထားသလို အဆင့်ဆင့် တက်သွားမှာပဲ”ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ရှင်းပြသည်။

တပ်မတော်က အမျိုးသမီး အရာရှိများ ခန့်အပ်ရာတွင် တက္ကသိုလ်ဘွဲ့ရရှိပြီးသူ အမျိုးသမီးများအနေဖြင့် ဗိုလ်လောင်း သင်တန်း အောင်မြင်ပါက ဒုတိယဗိုလ်အဆင့်ဖြင့်လည်းကောင်း၊ မဟာဘွဲ့၊ ပါရဂူဘွဲ့ရအမျိုးသမီးများ သင်တန်း အောင်မြင် ပါက ဗိုလ်အဆင့်ဖြင့် စတင်ခန့်အပ်ခံရမည်ဖြစ်ပြီး နောက်ပိုင်းတွင် တပ်မတော် ရာထူး ခန့်ထားရေး အဖွဲ့က အဆင့်ဆင့် ရာထူးတိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

လျှောက်ထားမည့် အမျိုးသမီးဗိုလ်လောင်းများသည် တပ်မတော်ဗိုလ်ရွေးအဖွဲ့၏ စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး စစ်ဆေးမှု အောင်မြင်သော ဗိုလ်လောင်းများကို သင်တန်း၆လ ပေးမည်ဖြစ်ကြောင်း၊  အမျိုးသမီးဗိုလ်လောင်း များကို သင်တန်း ပေးရန် ရန်ကုန်မြို့နှင့်အနီးတဝိုက်တွင် အမျိုးသမီးစစ်လေ့ကျင့်ရေးကျောင်းတကျောင်း ဖွင့်လှစ်သွားမည်ဟု သိရှိရသည်။

အမျိုးသမီးဗိုလ်လောင်းများအပြင် အမျိုးသမီးတပ်ကြပ်ကြီးစာရေးများကိုလည်း ခေါ်ယူသွားမည်ဟု သိရှိရသည်။

“အောက်တိုဘာ တတိယပတ်ထဲမှာလည်း တက္ကသိုလ်ဝင်တန်းအောင် အမျိုးသမီးတွေကို တပ်ကြပ်ကြီး စာရေးရာထူး ခေါ်ယူဖို့ရှိတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦးက ဆိုသည်။

အမျိုးသမီး ဗိုလ်လောင်း ခေါ်ယူရာတွင် စည်းကမ်းချက်များအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံသား အိမ်ထောင် မရှိဖူးသူ (အပျို)၊ အနည်းဆုံး အရပ် ၅ ပေ ၃လက်မ နှင့် ကိုယ်အလေးချိန် ပေါင်(၁၀၀)ထက်မနည်းရ၊ ပေါင်(၁၃၀)ထက် မကျော်ရ၊ မျက်မှန် တပ်ဆင်ထားသူ မဖြစ်ရ၊ ၂၀၁၃ဒီဇင်ဘာ ၃၁ရက်တွင် အသက်၂၅နှစ်ထက် ကျော်လွန်သူမဖြစ်ရနှင့်  ပါရဂူဘွဲ့ရပြီး သူဖြစ်ပါက  အသက်၃၀နှစ်အထိ ရှိရမည်ဟု ဆိုသော အချက်များ ပါဝင်သည်။

လက်ရှိ မြန်မာ့တပ်မတော်တွင် အမျိုးသမီးစစ်ဆေးဆရာဝန်နှင့် သူနာပြုများကိုသာ နှစ်စဉ် ခေါ်ယူခန့်အပ်လျက်ရှိသည်။

Your Thoughts …
Tags: Army
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

စစ်တပ်ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေ တွေ့ရှိ (ရုပ်/သံ)

စစ်တပ်ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေ တွေ့ရှိ (ရုပ်/သံ)

by ဘုန်းအောင်
14 August 2024
352

နိုင်ငံတစ်ဝန်းမှာ မြန်မာစစ်တပ်က စစ်ရာဇ၀တ်မှုကျူးလွန်တဲ့ အထောက်အထား အမြောက်အမြား တွေ့ရှိထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့က ဩဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

စစ်တိုင်းမှူးနှင့် တပ်မမှူးများ ပြောင်းရွှေ့

စစ်တိုင်းမှူးနှင့် တပ်မမှူးများ ပြောင်းရွှေ့

by ရန်ပိုင်
6 September 2012
20k

“တချို့က ငြိမ်းချမ်းရေး အတွက်လို့ ထင်တယ်၊ မဟုတ်ပါဘူး၊ တိုက်ပွဲမှာ အကျအဆုံးများရင် ရည်မှန်းချက်ကို မသိမ်းနိုင်ဘူးဆိုရင် ဒီလိုပဲ အပြောင်းအရွှေ့ လုပ်ကြတာပါပဲ”

ထမင်းရောင်းနေတဲ့ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်

ထမင်းရောင်းနေတဲ့ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်

by မေခ
16 May 2013
28.5k

အောင်ပြည့်စုံ ဆိုတဲ့ နာမည်နဲ့ ဘီ်းလင်းမြို့အ၀င်မှာ ထမင်း၊ ဟင်းနဲ့ တခြား စားသောက်စရာတွေ ရောင်းချနေတဲ့ ဦးလွန်းမောင်ရဲ့ ဆိုင်ကို ကြည့်လိုက်တာနဲ့ ရင်းနှီးထားတဲ့ ပမာဏ မနည်းလောက်ဘူး ဆိုတာ ဘယ်သူမဆို ခန့်မှန်းနိုင်ပါတယ်။

ဗိုလ်ချုပ်စိုးရှိန် သေနတ်ဖြင့် ခြိမ်းခြောက်မှု တောင်သူများကို အမှုဖွင့်ခွင့်မပေး

ဗိုလ်ချုပ်စိုးရှိန် သေနတ်ဖြင့် ခြိမ်းခြောက်မှု တောင်သူများကို အမှုဖွင့်ခွင့်မပေး

by ထက်နိုင်ဇော်
26 July 2013
12.3k

ဗိုလ်ချုပ် စိုးရှိန်ဆိုသူက တပည့် ၄ ဦးဖြင့် ၀င်ရောက်လာပြီး ၎င်း၏ ပစ္စတို သေနတ်ကိုထုတ်၍ ယာမြေထဲမှ မထွက်ပေးပါက ပစ်သတ်မည်ဟု အော်ဟစ် ခြိမ်းခြောက်ခဲ့

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က, သိမ်းဆည်းမြေ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိမ်းဆည်းမြေဧက ၃ သောင်းကျော် ပြန်ပေး

by မေခ
27 September 2013
7.9k

တပ်သိမ်းမြေတွေနဲ့ ပတ်သက်ပြီး အပိုင်း ၃ပိုင်း ပြောလို့ရပါတယ်။ အခု ဧက ၃သောင်း ကျော် ကတော့ လုံးဝ အရှင်း ပေးလို့ ရတာပေါ့။ နောက်တခုက တစိတ်တဒေသ ပေးလို့ရတယ်။ နောက်ကတော့ လုံခြုံရေး အရ...

စစ်အရာရှိများကို ရေကြောင်းနှင့် လေကြောင်း ရဲတပ်ဖွဲ့တွင် ပြောင်းရွှေ့ ခန့်အပ်

စစ်အရာရှိများကို ရေကြောင်းနှင့် လေကြောင်း ရဲတပ်ဖွဲ့တွင် ပြောင်းရွှေ့ ခန့်အပ်

by ခင်ဦးသာ
14 June 2013
7.9k

“ရဲတွေက ရေကြောင်း ဆိုင်ရာတွေ ကျွမ်းကျင်မှု မရှိဘူး။ ပင်လယ်ပြင်ကို စိုးမိုးနိုင်တဲ့ ရဲအရာရှိ မရှိဘူး။ ဒါကြောင့် စစ်တပ်က အရာရှိတွေကို တာဝန်ပေးတာပါ။ ပိုပြီး အစွမ်းထက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်လာတာပေါ့လေ” ဟု ဦးလှဆွေက ဆိုသည်။

Next Post
ဗုံးကွဲမှု, KNU, ငြိမ်းချမ်းရေး

ဗုံးကွဲမှုတွေက KNU နဲ့ ပတ်သက်သလား

ဖွဲ့စည်းပုံအခြေခံဥပဒေ, ပြည်သူ့ကွန်ရက်, အစိုးရ, ပြည်သူ, ဒီမိုကရေစီ, နိုင်ငံရေးလှုပ်ရှားမှု, ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်း

ဖွဲ့စည်းပုံ ပြင်ဆင်ရေး လှုပ်ရှားမှု ပိုမို ကျယ်ပြန့်ရန် လို

Please login to join discussion
No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate