• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗုံးကွဲမှုတွေက KNU နဲ့ ပတ်သက်သလား

by ထက်နိုင်ဇော်
17 October 2013
in သတင်း
A A
ဗုံးကွဲမှု, KNU, ငြိမ်းချမ်းရေး

မန္တလေးမြို့တွင် ဗုံးတွေ့ရှိမှုဖြစ်စဉ် (ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ)

5k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတဝန်း ယခုလအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးခွဲတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး သံသယရှိခံရသူ ၄ ဦးကို ဖမ်းမိ ထားပြီး တချို့မှာ  ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပတ်သက်ဆက်နွယ်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန် ပြောဆိုသည်နှင့် တပြိုင်နက်တည်း KNU ကလည်း မိမိတို့ လက်ချက်မဟုတ်ဟု သဘောထား ကြေညာချက် ထုတ်ပြန်လိုက်သည်။

နိုင်ငံတဝန်း ပေါက်ကွဲခဲ့သော ဗုံးခွဲမှုများတွင် တောင်ငူ ဗုံးကွဲမှုမှလွဲ၍ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း မြို့များတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု အားလုံးသည် ဖော်ထုတ်စစ်ဆေးမှုအရ ဆက်စပ်မှုများရှိနေကြောင်း၊ သံသယရှိခံရမှုဖြင့် ဖမ်းဆီးခံထား ရသူများတွင် တချို့က KNU နှင့် ပတ်သက်သည်ဟု ဝန်ခံချက်များရှိနေပြီး  လွတ်မြောက် နေသူများကိုလည်း ခြေရာခံ လျက်ရှိကြောင်း  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးမင်းအောင် ဧရာဝတီသို့ ပြောကြားသည်။

RelatedPosts

NUG ဘာတွေပြင်သင့်သလဲ (ရုပ်/သံ)

NUG ဘာတွေပြင်သင့်သလဲ (ရုပ်/သံ)

15 July 2025
31
စစ်ကောင်စီ ရွေးကောက်ပွဲက ပြည်တွင်းငြိမ်းချမ်းရေးကို မသယ်ဆောင်လာနိုင်

ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

15 July 2025
653
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

15 July 2025
544

“တောင်ငူက စောထွန်းထွန်းတယောက်ပဲ  KNU က မဟုတ်ဘူး။ အခြားအဖမ်းခံထားရတဲ့သူတွေနဲ့ မမိသေးတဲ့သူကို KNU ဆိုပြီး ပြောနေတော့ ခန့်မှန်းရတော်တော်ခက်တယ်။ မိပြီးသား လူကလည်း KNUလားလို့မေးရင် ဟုတ်တယ်လို့ ပြောတယ်။ အခုအချိန်မှာ နိုင်ငံရေးရည်ရွယ်ချက်နဲ့လုပ်တာလား။ ငွေရေးကြေးရေးအရ လုပ်တာလားဆိုတာ ပြောရ ခက်တယ်´´ဟု ဒုတိယရဲမှူးကြီးမင်းအောင်က ဆိုသည်။

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှုနှင့် ကမ်းနားလမ်း Western Park စားသောက်ဆိုင်တို့တွင် မိုင်းတွေ့ရှိခဲ့မှုတို့နှင့် ပတ်သက်၍ သံသယရှိသူ ၃ ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း၊  တဦးမှာ စောမြင့်လွင် ဖြစ်ပြီး ဖောက်ခွဲမှုများကို ၎င်းပြုလုပ်ခဲ့သည်ဟု ခံဝန်ချက်ရရှိထားကြောင်း၊ ကျန် ၂ ဦးဖြစ်မှာ စီးပွားရေး လုပ်ငန်းရှင်တဦးနှင့် ယာဉ်မောင်း တဦးတို့ဖြစ်ပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိမှု ဖြစ်စဉ်တွင် သံသယရှိခံရသူ ဇော်လတ်မောင် ဆိုသူကို ဖမ်းဆီးရရှိထားပြီး ဗုံးဖောက်ခွဲခဲ့သူ  နေတိုးဖြစ်ကာ  KNU အဖွဲ့ဝင် ဖြစ်သည်ဟု ဇော်လတ်မောင်က ထွက်ဆိုထားကြောင်း၊ ဇော်လတ်မောင်သည် ဗုံးခွဲရန် သွားရောက်ရာတွင် နေတိုး၏  ယာဉ်မောင်း အဖြစ်လိုက်ပါ ဆောင်ရွက်ခဲ့သည်ဟု စစ်ဆေးဖော်ထုတ်ရရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးမှ ရဲအရာရှိတဦးက ပြောဆိုသည်။

တောင်ငူဗုံးခွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ သံသယရှိခံရသူ စောထွန်းထွန်းကို ဖမ်းဆီးနိုင်ရန် ဆက်လက်စုံစမ်းဆဲဖြစ်ပြီး KNU အဖွဲ့နှင့် ဆက်စပ်မှုရှိ ၊ မရှိကိုမူ မပြောနိုင်သေးကြောင်း တောင်ငူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းက ဆိုသည်။

ဗုံးကွဲမှုများတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) အဖွဲ့ဝင်များ ပါဝင်နေသည်ဟု ရဲတပ်ဖွဲ့၏ ပြောဆိုချက်များကို KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ငြင်းဆိုလိုက်သည်။

“ကျနော်တို့ဘာမှ မသိဘူး။ ဘယ်သူလုပ်တယ်ဆိုတာ ကျနော်တို့မှာ အထောက်အထားမရှိဘူး။ ကျနော်တို့လူ လုပ်တာမဟုတ်ဘူး´´ဟု စောဂျော်နီက ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)တွင် လက်ရှိ ပြည်တွင်း နိုင်ငံရေးဖြစ်စဉ်များအပေါ် အမြင်မတူသော အဖွဲ့ ၂ ခုရှိနေပြီး သဘောထား တင်းမာသော အဖွဲ့တခုက လုပ်ဆောင်ခြင်းဖြစ်သည်ဟု သုံးသပ်မှုများရှိနေသည်။

ပြည်တွင်း၌ ဖြစ်ပေါ်လျက်ရှိသော ဗုံးကွဲမှုများသည် KNU အဖွဲ့အစည်းနှင့် ဆက်စပ်နေသည်ဆိုသော သတင်းများကြောင့် လက်ရှိ ဖော်ဆောင်လျက်ရှိသော ပြည်တွင်းငြိမ်းချမ်းရေးကို လုံးဝမထိခိုက်နိုင်ကြောင်း၊ အပစ်ရပ်အဖွဲ့ ၁၄ ဖွဲ့တွင် အင်အား အကြီးမားဆုံးဟု ပြောနိုင်သော KNU အဖွဲ့အနေဖြင့် ယခုလုပ်ရပ်မျိုးကို လုပ်ဆောင်လိမ့်မည်ဟု မယုံကြည်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ အကြံပေး ဦးလှမောင်ရွှေက ပြောသည်။

” ဦးသိန်းစိန်နဲ့ လက်ရှိ ကရင်ခေါင်းဆောင်တွေကြားမှာက ယုံကြည်မှု အရမ်းခိုင်မာတယ်။ ဒီကိစ္စကြောင့် ငြိမ်းချမ်းရေးကို လုံး၀ အနှောင့်အယှက် မဖြစ်နိုင်ဘူး။ အခုလုပ်တာလည်း KNU အဖွဲ့ကြီးဆိုတာထက် အဲဒီထဲကလူပါချင်လည်းပါမယ်။ ပါချင်မှလည်း ပါမယ်။ အစွယ်အပွားတွေလုပ်တာလည်း ဖြစ်နိုင်တယ်”ဟု ဦးလှမောင်ရွှေက ပြောသည်။

ရန်ကုန်မြို့တွင် ဗုံးခွဲမှုများလုပ်ဆောင်မည်ဟု ကြိုတင်သတင်းရရှိခဲ့သောကြောင့် နယ်စပ်ဒေသများတွင် လုံခြုံရေး တိုးမြှင့် ခဲ့ကြောင်း၊ ဗုံးဖြန့်ဝေမည့် ပင်ရင်းပုဂ္ဂိုလ်ကို မဖမ်းမိလိုက်သောကြောင့် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် စစ်ဖက်ဆိုင်ရာ လုံခြုံရေးအရာရှိတဦးက ဧရာဝတီ သို့ ပြောသည်။

အောက်တိုဘာ ၉ ရက်နေ့ ညနေ ၄ နာရီခန့် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးစာတိုက်ရုံးရှေ့ ခရီးသည်တင် ယာဉ် ပေါ်တွင် လက်လုပ်ဗုံးတလုံးတွေ့ရှိခဲ့ရာမှ ဗုံးလန့်မှုစတင်ခဲ့ပြီး အောက်တိုဘာ ၁၁ ရက်နေ့ ည ၈နာရီခန့်တွင် ပဲခူး တိုင်း ဒေသကြီး၊ တောင်ငူမြို့နယ် ၁၇ ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ဧည့်ရိပ်သာတွင် ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ကာ ၂ ဦး သေဆုံးပြီး တဦးဒဏ်ရာရှိခဲ့သည်။

အောက်တိုဘာ ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း အဝေးပြေးကွင်းဝင်းရှေ့၊ ကားမှတ်တိုင် တွင် ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး ယင်းနေရာနှင့် မလှမ်းမကမ်းတွင် မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ဗုံးတလုံးကို ဖယ်ရှား ရှင်းလင်းနိုင်ခဲ့ပြီး ယင်းညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နှင့် သာကေတ မြို့နယ် ကြားရှိ ယမုံနာ လမ်းမ ဘေးတွင် ချိန်ကိုက်ဗုံးတလုံးပေါက်ကွဲခဲ့ပြီး အသက် ၁၄ နှစ်အရွယ် လူငယ် ၂ ဦး ဒဏ်ရာရရှိခဲ့ကာ ယင်းနေရာ တွင်ပင် မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ယမ်းတတုံး၊ ချိန်ကိုက်နာရီတလုံးနှင့် အဖြူနှင့်အဝါကျား ဝါယာ ကြိုးခွေများကို သက်ဆိုင်ရာ တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့သည်။

အောက်တိုဘာ ၁၄ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်းမ ဘေးရှိ Western Park Ruby စားသောက်ဆိုင်တွင် ချိန်ကိုက်မိုင်းတလုံးတွေ့ရှိခဲ့ပြီး  ထိုနေ့ မွန်းလွဲ ၁  နာရီခွဲခန့် မန္တလေးမြို့၊ ကျုံး အနောက်ဘက် ၁၆ လမ်းနှင့် လမ်း ၈၀ ထောင့်ရှိ ရွှေဘဲ စားသောက်ဆိုင်အနီးတွင်  ချိန်ကိုက်ဗုံးတလုံး တွေ့ရှိခဲ့ပြီး စနက်တံဖြုတ်မရ၍ သက်ဆိုင်ရာ က အချိန်မီ ဖောက်ခွဲဖျက်စီးခဲ့ကြောင်း၊ ထိုနေ့ ည ၁၁ နာရီ ၂၀ မိနစ် ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ် ၉ လွှာ၊ အခန်းအမှတ် ၉၂၁ တွင် ဗုံးတလုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အသက် ၄၃နှစ် အရွယ် Mrs.Piaiorst ဆိုသူ အမေရိကန်နိုင်ငံသူတဦး ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ ၁၅ ရက်နေ့ မနက် ၃ နာရီ ၄၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေပြည့်စုံ တည်းခိုးခန်း တွင် ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး မနက် ၅ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်၊ ကားရပ်နားကွင်းတွင်ဗုံးတလုံး ပေါက်ကွဲခဲ့ကာ ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိသူမရှိဟု သိရှိရသည်။

ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်( မြောက်ပိုင်း ) နမ့်ခမ်းမြို့တွင်  နံနက် ၇နာရီနှင့် ၇ နာရီခွဲအချိန်ကပေါက်ကွဲမှုအသီးသီးဖြစ်ပွားခဲ့ရာ အမျိုးသားတဦး သေဆုံးပြီး ၆ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း  နမ့်ခမ်းရဲစခန်းက အတည်ပြုသည်။

နမ့်ခမ်းဗုံးပေါက်ကွဲမှုသည် ယခင်ဗုံးပေါက်ကွဲမှုများနှင့် ဆက်စပ်မှုရှိ၊ မရှိကို သီးခြားအတည်မပြုနိုင်သေးပေ။

Your Thoughts …
Tags: BombRule of Law
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post
ဖွဲ့စည်းပုံအခြေခံဥပဒေ, ပြည်သူ့ကွန်ရက်, အစိုးရ, ပြည်သူ, ဒီမိုကရေစီ, နိုင်ငံရေးလှုပ်ရှားမှု, ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်း

ဖွဲ့စည်းပုံ ပြင်ဆင်ရေး လှုပ်ရှားမှု ပိုမို ကျယ်ပြန့်ရန် လို

အပြောကောင်းတယ်

Please login to join discussion
No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.3k
အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

1 day ago
4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate