သတင်း

သံတွဲ ပဋိပက္ခ ဖမ်းဆီးထားသူများကို ထောင် အပြောင်းအရွှေ့လုပ်

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် သံတွဲမြို့၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ဖမ်းဆီးခံထား သူများကို ကျောက်ဖြူထောင်မှ သံတွဲထောင်သို့ ပြောင်းရွှေ့ လိုက်ကြောင်း သိရသည်။

ပဋိပက္ခနှင့်ဆက်စပ်၍ ဖမ်းဆီးခံထားရသူ ၇၈ ဦး အနက် ၁၇ ဦးအား သံတွဲထောင်မှ ကျောက်ဖြူထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး နောက် အောက်တိုဘာလ ၁၆ ရက်နေ့ ညနေတွင် သံတွဲထောင်သို့ ပြန်လည် ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။ ထို ၁၇ ဦး အ နက် ၃ ဦး သည် ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ပြန်လည် လွတ်မြောက်ခဲ့သည်။

ဖမ်းဆီး ထိန်းသိမ်းထားသူများကို နေပြည်တော် အထူးရဲတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ စစ်ဆေးမှုများ ပြီးစီးပါက သတင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်တင့်က ဧရာဝတီ ကို ပြောသည်။

“တရားစွဲဆိုတာ မလုပ်ရသေးပါဘူး၊ မနေ့ကတော့ ယမန်ယူပြီး ရုံးထုတ်တယ်၊ စစ်ဆေးနေဆဲ မို့လို့ အသေးစိတ်ကို ပြောခွင့်မ ရှိသေးပါဘူး၊ အထူးရဲတပ်ဖွဲ့က စစ်ဆေးနေတာပါ”ဟု ရဲမှူးကြီး ကျော်တင့်က ဆိုသည်။

သံတွဲမြို့ နှင့် ကျေးရွာတချို့တွင် စက်တင်ဘာလ ၂၈ ရက်နေ့က စတင်ခဲ့သော ပဋိပက္ခများကြောင့် အိမ်ခြေ ၁၁၂ လုံး၊ ဘာ သာရေး အဆောက်အအုံ ၃ ခု၊ ဆီ ဂိုဒေါင်တခု မီးလောင် ကျွမ်းခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၇ ဦး၊ ဒဏ်ရာ ရသူ ၅ ဦးရှိကြောင်း အောက်တိုဘာလ ၁၄ ရက်နေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ အိုးအိမ်မဲ့ ဖြစ်သွားသူ ဦးရေ ၄၈၇ ဦး ရှိကြောင်း လည်း သတင်းစာများတွင် ရေးထားသည်။

ထိုပဋိပက္ခများကြောင့် လူ ၇၈ ဦးကို ထိန်းသိမ်း စစ်ဆေးနေသည်ဟုလည်း သတင်းစာများ၌ ဖော်ပြထားသည်။ ဖမ်းဆီးခံထား ရသူများသည် မီးရှှို့မှု၊ ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်သည်ဟု သင်္ကာမကင်း ခံရသူများလည်း ဖြစ်ကြောင်း၊ ၇၈ ဦး အနက် ကျောက်ဖြူထောင်မှ ၃ ဦးနှင့် သံတွဲထောင်မှ တချို့ ပြန်လည်လွတ်မြောက်ကြောင်း သိရသည်။

ကျောက်ဖြူထောင်သို့ အပို့ခံရပြီး ပြန်လည်လွတ်မြောက်လာသူ ကိုမိုးမြင့်အောင်က ၎င်းအား အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၉ နာရီကျော်တွင် ဖမ်းဆီးပြီး ကျောက်ဖြူထောင်သို့ ပို့ဆောင်လိုက်ကြောင်း၊ ကျောက်ဖြူထောင်တွင် ၅ ရက်ခန့် နေခဲ့ ရကြောင်း ဧရာဝတီ ကို ပြောသည်။

“ပြောစရာရှိတယ် ခဏလိုက်ခဲ့ဆိုပြီး ခေါ်သွားပြီးတော့ ထောင်ထဲတန်းပို့လိုက်တာပါ၊ ထောင်ထဲမှာ ၅ ရက် လောက်နေခဲ့ပြီးမှ အာမခံနဲ့ ပြန်လွတ်တယ်”ဟု ၎င်းက ပြောပြသည်။

သံတွဲထောင်၌ ဖမ်းဆီးထားသူများကို ကျောက်ဖြူထောင်သို့ ရုတ်တရက် ပို့ဆောင်လိုက်ခြင်းသည် ထိုသူများအား ပြန်လည် လွှတ်ပေးရန် ဒေသခံများက တောင်းဆို၍ ဖြစ်ကြောင်း၊ ထိုသို့ တောင်းဆိုရာမှ ဆူပူမှုများ ဖြစ်လာမည်ကို မလိုလားသည့် အ တွက်ကြောင့် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင် က ပြောသည်။

ပြန်လည် လွတ်မြောက်လာသူ ၃ ဦးတွင် သံတွဲ နာရေးကူညီမှု အသင်းမှ ဦးဝင်းကိုလေးနှင့် အမျိုးဘာသာ သာ သနာ စောင့်ရှောက်ရေး အဖွဲ့မှ ဦးဌေးအောင်တို့ ပါဝင်သည်။ သံတွဲမှ ဖမ်းဆီး ခံထားရသူများတွင် ရခိုင်တိုင်းရင်းသားများ တိုး တက်ရေးပါတီ (RNDP) ၏ သံတွဲမြို့နယ် ဥက္ကဋ္ဌ ဦးစိုးလှှိုင် ခေါ် ဦးမောင်ပု လည်း ပါဝင်သည်။

ကျောက်ဖြူထောင်သို့ ပို့ရာတွင် ဦးမောင်ပု လည်းပါဝင်ပြီး ယခုအခါ သံတွဲထောင်သို့ ပြန်လည်ရောက်နေပြီ ဖြစ်ကြောင်း၊ တ ရားစွဲဆိုခြင်း မရှိသေးသည့် အတွက် အသေးစိတ်အခြေအနေကို မသိရသေးကြောင်း၊ ကျန်းမာရေး အခြေအနေ ကောင်းမွန် သည်ဟု သိရကြောင်း RNDP ပါတီ၏ သံတွဲမြို့နယ် အတွင်းရေးမှူး ဦးမောင်ဖြူက ဧရာဝတီ ကို ပြောသည်။

ပဋိပက္ခများကြောင့် အိုးအိမ်မဲ့ အိမ်ထောင်စု ၁၁၂ စု အနက် ၁၀၇ စုအတွက် ကျပ် ၁၀ သိန်း ၅ သောင်းတန် နေအိမ်များ ဆောက်လုပ်ပေးရန် ပြင်ဆင်နေကြောင်း၊ ကျန်ရှိသည့် ၅ အိမ်မှာမူ ခဲပေါက်ခံရသည့် အိမ်များသာ ဖြစ်၍ ပြင်ဆင်ပေးနိုင်ရန် အစိုးရထံ တင်ပြထားကြောင်း၊ စားနပ်ရိက္ခာမှာလည်း ပြည့်ဝသည့်အပြင် ပိုလျှံနေကြောင်း သံတွဲခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းဝေ က ဧရာဝတီ ကို ပြောသည်။

“စားနပ်ရိက္ခာတွေကတော့ အားလုံး ဖူလုံပါတယ်၊ အဖွဲ့ပေါင်းစုံက လှူတာတွေရှိတော့ ပိုလျှံနေပါတယ်”ဟု ခရိုင် အုပ်ချုပ်ရေး မှူး ဦးထွန်းဝေ က ပြောဆိုသည်။

Loading