သတင်းထောက် အလိုရှိသည်
This article has been converted from Zawgyi One to Unicode
ဧရာဝတီ သတင်းဌာန (မြန်မာပိုင်း) အတွက် အကြီးတန်း သတင်းထောက် ၂ ဦး၊ အလုပ်သင် သတင်းထောက် ၃ ဦးနှင့် အနုပညာသတင်းထောက် ၁ ဦး အလိုရှိသည်။
အကြီးတန်းသတင်းထောက် နေရာအတွက် လျှောက်ထားသူသည် သတင်းထောက် လုပ်သက်နှင့် အတွေ့အကြုံ ၅ နှစ်နှင့်အထက် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး သတင်းနှင့် ဆောင်းပါးများကို ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ ကျယ်ကျယ် ပြန့်ပြန့် ရေးသားနိုင်သူ ဖြစ်ရမည်။ ဗဟုသုတ ဖတ်ရှု လေ့လာအားကောင်းသူ ဦးစားပေးမည်။ ရန်ကုန်တွင် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
အလုပ်သင် သတင်းထောက် နေရာအတွက် လျှောက်ထားသူသည် လုပ်သက်နှင့် အတွေ့အကြုံမလို၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး သတင်းများကို စိတ်ဝင်စားဖတ်ရှု လေ့လာသူ ဖြစ်ရမည်။ ရန်ကုန်တွင် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
အနုပညာသတင်းထောက် နေရာအတွက် လျှောက်ထားသူသည် အနုပညာသတင်း ရေးသားဖူးသည့် လုပ်သက်နှင့် အတွေ့အကြုံ ၂ နှစ်နှင့် အထက် ရှိသူ ဖြစ်ရမည်။ ရုပ်ရည် အသင့်အတင့်ရှိပြီး အနုပညာလောကနှင့် မစိမ်းသူကို ဦးစားပေးမည်။
ရန်ကုန်တွင် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
အထက်ပါ အလုပ်နေရာများအတွက် စိတ်ဝင်စားသူများသည် အမှတ် ၁၉၅/ ၁၉၇၊ ဒုတိယထပ် ၃၂ လမ်း (အပေါ်)၊ ရန်ကုန်မြို့သို့ လိုင်စင် ဓာတ်ပုံတပုံ၊ ကိုယ်ရေးအကျဉ်းနှင့်တကွ လူကိုယ်တိုင် လာရောက်၍သော် လည်းကောင်း မေးလ်ဖြင့် လျှောက်ထားလိုပါက လျှောက်လွှာ၊ လိုင်စင်ပုံ တပုံနှင့် ကိုယ်ရေးအကျဉ်းကို မေးလ်လိပ်စာ [email protected] သို့ ပေးပို့၍ လည်းကောင်း အောက်တိုဘာ ၃၁ ရက်နေ့ထက် နောက်မကျဘဲ လျှောက်ထားနိုင်ပါသည်။