ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားဆီးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတအရည်အချင်း ပြဋ္ဌာန်းချက် ပုဒ်မ ၅၉ စ လုံးကို ပြင်ဆင်သင့်ကြောင်း သူရဦးရွှေမန်းက ဧရာဝတီ သတင်း ဌာနသို့ ပြောဆိုလိုက်သည်။ပုဒ်မ ၅၉ (စ) တွင် မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်း ကောင်း၊ မိမိ၏ တရားဝင် သားသမီး တဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်း သော်လည်း ကောင်းနိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူသို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတပါး၏နိုင်ငံသားဖြစ်သူများ မဖြစ်စေရ ဟု ပြဋ္ဌာန်းထားပြီးယင်းပြဋ္ဌာန်းချက်သည်နိုင်ငံခြားသား သား ၂ ဦးရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတလောင်းဖြစ်ခွင့် အခွင့်အရေးကို တားဆီးထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။