သတင်း

ထိုင်း ဘုရင့်ဂူ သချုႋင်းအောက် ရှေးဟောင်း အဆောက်အအုံ တွေ့ရှိ

This article has been converted from Zawgyi One to Unicode

ထိုင်းဘုရင့်ဂူ ရှိရာ အမရပူရ လင်ဇင်းကုန်း သချုႋင်း၏ အောက်တွင် ရှေးဟောင်းဘုန်းကြီးကျောင်းဟု ယူဆရသည့် ကျောင်းဆောင် တဆောင် ကို ရှေးဟောင်း သုတေသီများက ထပ်မံရှာဖွေတွေ့ရှိကြောင်း သိရသည်။

ရဟန်းဝတ်ဖြင့် ပျံလွန်တော်မူသွားသော ထိုင်းဘုရင်ဟောင်း၏ ဂူသချႋုင်းကို တူးဖော်ရာမှ ပေ ၆၀ ခန့်ကျယ်သည့် ကျောင်းမကြီးနှင့် တခြားသော အဆောက်အအုံများ၏ အုတ်မြစ်များကို တွေ့ရှိခြင်းဖြစ်ကြောင်း ထိုင်း ရှေးဟောင်း သုတေသန တူးဖော်ရေးတာဝန်ခံ မစ္စတာ မစ်ကီဟတ် က ပြောသည်။

“ဘယ်ဆရာတော် သီတင်းသုံးတဲ့ကျောင်းလို့တော့ အတိအကျ မပြောနိုင်သေးပေမယ့် ထိုင်းဘုရင်ကြီးတည်ခဲ့တဲ့ စေတီနားမှာ ဖြစ် တဲ့ အတွက် ဘုရင်ကြီးအဆက်အနွယ် ထိုင်းဘုန်းကြီးတွေ သီတင်းသုံးခဲ့တဲ့ ကျောင်းကြီးလည်း ဖြစ်နိုင်တယ်”ဟု ၎င်းကဆိုသည်။

ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက် ၁၇၆၇ ခုနှစ် အယုဒ္ဓယသို့သွားရောက် စစ်ပြုရာ သဖန်းပွင့်မင်းသားဘွဲ့ခံ ထိုင်းဘုရင် ကျောက်ဘွားဒေါက် မဒူဝါး (ခ) မင်းသားကြီး ဥတွန်ပုံ သင်္ကန်းဝတ်ဖြင့် ခေါ်ဆောင်ခြင်းခံခဲ့ရသည့်အပြင် ညီတော်၊ နှမတော်၊ မိဖုရား၊ မောင်းမမိဿံ၊ သူဌေးသူကြွယ်၊ ပန်းတိမ်၊ ပန်းပဲ၊ ပန်းရံ၊ ရွှေခြည်ထိုး လက်မှုပညာသည်များ၊ အဆိုအတီးပညာရှင်များ၊ အချက်အပြုတ် ကျွမ်းကျင်သူများမှအစ အားလုံးကို သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည်။

ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး၌ အမရပူရ တွင် ထီးနန်းစိုက်သည့် ဘကြီးတော်ဘုရား လက်ထက် ဘွဲ့တံဆိပ်များ ဆက် ကပ်လှူဒါန်းခံရသည့် သံဃာတော်များတွင် ယိုးဒယား ကျောင်း ဆရာတော် ရှင်တိသရဏ လည်း ပါရှိသည်။

ယခုတွေ့ရှိသည့် ရှေးဟောင်း အဆောက်အအုံကြီး၏ ပရဝုဏ်မှာ ၅ ဧက နီးပါးခန့်ကျယ်ပြီး ယခုအခါ အလုပ်သမား ၁၀၀ ခန့်ဖြင့် ဆက်လက် တူးဖော်နေသည်။

“တူးဖော်နေတဲ့ အဆောက်အအုံ အုတ်မြစ်တွေကိုပဲ သေချာတူးပြီး အဲဒီအဆောက်အအုံ ပုံစံ အသေးအလေးကိုပဲ မြေလွတ်တဲ့နေ ရာ မှာဆောက်မယ်”ဟု မစ်ကီဟတ်က ဆက်ပြောသည်။

မြန်မာ သမိုင်းပညာရှင် ဒေါက်တာ တင်မောင်ကြည်က ရှေးဟောင်း အဆောက်အအုံ ဆိုသည်မှာ မှန်သော်လည်း သမိုင်းရှု့ထောင့် မှ ကြည့်လျှင် ထိုင်းဘုရင်နှင့် ထိုင်းရဟန်း သီတင်းသုံးခဲ့သည့် ရှေးဟောင်းကျောင်းကြီးဟု တပ်အပ်မပြောနိုင်ကြောင်း၊ ဇရပ်လည်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

“ဒီကျောင်းက ထိုင်းဘုရင် ကျောင်းလို့ ပြောလို့မရဘူး၊ ဒီနေရာမှာ တခြား ဆရာတော်ကြီးတွေလည်း ကျောင်းထိုင်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

အမရပူရ မြို့တည်နန်းတည် ဘိုးတော်ဘုရား လက်ထက်တွင် ပျံလွန်တော်မူသွားသည့် ဆရာတော်ကြီးများဖြစ်သော တောင်ဘီလူး၊ ပျိုပန်၊ ဆုံထား ဆရာတော်ကြီးများ သီတင်းသုံးခဲ့ရာ ကျောင်းကြီးလည်း ဖြစ်နိုင်သည်ဟု ဒေါက်တာ တင်မောင်ကြည်က ထောက်ပြ သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက လင်းဇင်းကုန်းမှ တူးဖော်ရရှိသည့် ထိုင်းဘုရင်ဟောင်း ဥတွန်ပုံ၏ သပိတ်ဟု ယူဆရသည့် အိုးအတွင်း မှ ရရှိသော အရိုးနှင့် ခါးပန်းကြိုးတို့ကို တွေ့ရှိခဲ့သည်။ ထိုတွေ့ရှိရသည့်အရာများသည် မြန်မာ ဆရာတော်ကြီးများ၏ ပစ္စည်းများ ဖြစ်နိုင်သည့်အတွက် တွေ့ရှိသည့် အရိုးများကို သိပ္ပံနည်းကျ DNA တိုက်ဆိုင်စစ်ဆေးသင့်သည်ဟုလည်း ဒေါက်တာ တင်မောင် ကြည် က ဆိုသည်။

ယခုအခါ အမရပူရ လင်းဇင်းကုန်း သုသာန် တဝိုက်ကို ထိုင်း ရှေးဟောင်း သုတေသန အဖွဲ့က ရှင်းလင်းကာ တူးဖော်လျက်ရှိပြီး အင်းဝရောက် ထိုင်းလူမျိုးများ နေထိုင်မှုနှင့် ပတ်သက်၍ သမိုင်းပြတိုက်တခု ဖွင့်လှစ်ရန်လည်း စီစဉ်နေကြောင်း သိရသည်။

Loading