သတင်းတို

လူ့အခွင့်အရေး အကာအကွယ်ပေးမှ မြန်မာ့ပြုပြင်ပြောင်းလဲမှု အောင်မြင်မည်ဟု ကင်တားနား သတိပေး

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံအတွင်း မူစလင်ဆန့်ကျင်ရေး အယူအဆများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက် လာခြင်းသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အတွက် အကြီးမားဆုံး ခြိမ်းခြောက်ဟန့်တားမှု ဖြစ်ပြီး လူ့အခွင့်အရေး ရပိုင်ခွင့်များကို အကာအကွယ် ပေးနိုင်မှသာ ပြုပြင်ပြောင်းလဲရေး အောင်မြင်နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားက ယမန်နေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင်  ပြောဆိုသည်။

Loading