ပဋိပက္ခများဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်တွင် တည်ငြိမ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀၉ ဒသမ ၃ သန်း လိုအပ်ကြောင်း၊ လတ်တလော ဒေါ်လာ ၇၉ ဒသမ ၄၉ သန်း ရရှိထားပြီး စီမံချက် ၁၀၉ ခုအတွက် သုံးစွဲထားကြောင်း နေပြည်တော်တွင် ယမန်နေ့က ကျင်းပသော ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး နှင့်ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီအစည်းအဝေး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။