သတင်းတို

UNAIDS ကမ္ဘာလုံးဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် လက်ခံဆောင်ရွက်

This article has been converted from Zawgyi One to Unicode

ကမ္ဘာတဝှမ်း HIV/AIDS ဝေဒနာရှင်များအား အကူအညီပေးရေး ကုသမဂ္ဂ အစီအစဉ် (UNAIDS) က ဝေဒနာရှင်များ အပေါ် ခွဲခြားဆက်ဆံမှု လုံး၀ အဆုံးသတ်ရေး ကိုယ်စားလှယ်အဖြစ် ရွေးချယ် ခန့်အပ်မှုကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံလိုက်ကြောင်း UNAIDS သတင်းထုတ်ပြန်ချက်အရ သိရသည်။ UNAIDS အမှုဆောင် ဒါရိုက်တာ Michel Sidibé နှင့် မကြာသေးခင်က နေပြည်တော်၌ တွေ့ဆုံရာတွင် ကမ်းလှမ်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့ခြင်း ဖြစ်သည်။ “ဒီလို ရွေးချယ်တာဟာ ကျမအတွက် တကယ့်ကို ဂုဏ်ယူစရာပါ။ လူ့အဖွဲ့အစည်းနဲ့ စည်းခြား ဝေးကွာနေရပြီး၊ လူသား ဂုဏ်သိက္ခာနဲ့ အခြေခံ လူ့အခွင့်အရေးရဖို့ မြှင့်တင် စောင့်ရှောက်ရမှာပါ။ ကျမ အနေနဲ့ အသံမဲ့နေသူတွေရဲ့ ပဲ့တင်သံ ဖြစ်ချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ လက်ရှိ မြန်မာပြည်တွင် HIV ရောဂါပိုး ကူးစက်ခံရသူပေါင်း ၄၀၀၀၀ ခန့်ရှိကြောင်း၊ ရောဂါ သံသယရှိပါက လျင်မြန်စွာ စမ်းသပ်မှု ခံယူရန်နှင့် အချိန်မီ ကုသမှု ခံယူရန် လိုအပ်ကြောင်း သိရသည်။

Loading