သတင်းတို
မလေးရှားတွင် မြန်မာနိုင်ငံသားများ အပါအဝင် တရားမဝင် နိုင်ငံခြားသား ၁၅၀ ကျော် ဖမ်းဆီးခံရ
This article has been converted from Zawgyi One to Unicode
မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ ကာဂျန်းနယ် Puncak Saujana တွင်
အော်ပရာစီ စစ်ဆင်ရေး ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှု ကြီးကြပ်ရေး
ဦးစီးဌာနနှင့် ဒေသခံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နိုင်ငံခြားသားများအား
ရှောင်တခင် စစ်ဆေးရာ အထောက် အထား မရှိသော နိုင်ငံခြားသား ၁၅၂
ဦးဖမ်းဆီးမိခဲ့ပြီး အင်ဒိုနီးရှား ၁၁၀ ဦး ၊ ဘင်္ဂလားဒေ့ရှ် အမျိုးသား ၂၇
ဦး ၊ မြန်မာ ၁၁ ဦး ၊ နီပေါ ၃ ဦး၊ ပါကစ္စတန် ၁ ဦး ပါဝင်ကြောင်း
ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။