သတင်းတို

ညလုံးပေါက် အချိန်ပို အလုပ်စေခိုင်းသည့် အလုပ်ရှင်များကို အရေးယူမည်

This article has been converted from Zawgyi One to Unicode

အစိုးရက တရားဝင်ခွင့်ပြုသော အချိန်ပိုနာရီထက် ပိုမိုခိုင်းစေခြင်းနှင့် ညလုံးပေါက် အချိန်ပို အလုပ်စေခိုင်းသည့် အလုပ်ရှင်များကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း၊ သာမန်လုပ်ငန်းများအတွက် တရက် အချိန်ပို ၃ နာရီ နှင့် စနေနေ့တွင် အချိန်ပို ၅ နာရီ စုစုပေါင်း တပတ်လျှင် အချိန်ပို နာရီ ၂၀ သာ  အလုပ်စေခိုင်းရမည်ဖြစ်ကြောင်း၊ အဆက်မပြတ် လုပ်ရသော လုပ်ငန်းများအတွက် တနေ့လျှင် ၂ နာရီ ၄၀ မိနစ်နှုန်းဖြင့် ၆ ရက်လျှင် အချိန်ပို ၁၆ နာရီ နှုန်းသာ အလုပ်စေခိုင်းရန် ညွှန်ကြားထားကြောင်း၊ အချိန်ပိုအလုပ်ခိုင်းစေရာတွင် အလုပ်သမား၏ သဘောတူညီ လက်မှတ်ရေးထိုးမှုကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း၊ ညွှန်ကြားချက် မလိုက်နာသော အလုပ်ရှင်များကို ဥပဒေနှင့် အညီ အရေးယူမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဒုတိယဝန်ကြီးဦးထင်အောင်က ယမန်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုသည်။

Loading