သတင်းတို

နိုင်ငံခြားသားများအတွက် တခါသုံးမိုဘိုင်းလ်ဖုန်းဆင်းကတ်များ ရောင်းချမည်

This article has been converted from Zawgyi One to Unicode

ဆီးဂိမ်ပြိုင်ပွဲကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံခြားသားများအတွက် ငွေကျပ် ၂၀၀၀၀ တန် တခါသုံးမိုဘိုင်းလ် ဖုန်းကတ်များထုတ်ရောင်းမည်ဖြစ်ကြောင်း၊ ယင်းမိုဘိုင်းလ်ဆင်းကတ်များသည် ပြည်တွင်းခေါ်ဆိုမှု မိနစ် ၅၀ ၊ ပြည်ပ ခေါ်ဆိုမှု ၁၉ မိနစ် ခေါ်ယူသုံးစွဲနိုင်မည်ဖြစ်ပြီး သက်တမ်း ၁ လဖြစ်ကြောင်း၊ သက်တမ်းကာလ ၁ လ အတွင်း ထပ်မံ ငွေဖြည့်တင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံခြားသားများအနေဖြင့် နိုင်ငံကူးလက်မှတ် ပြသ၍ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ယနေ့ ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

Loading