သတင်းတို
ရန်ကုန်တွင် အထပ်မြင့် ဆောက်လုပ်ခွင့် ကန့်သတ်ဧရိယာ တိုးချဲ့
This article has been converted from Zawgyi One to Unicode
ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ကန်တော်ကြီးနှင့် တရိစ္ဆာန် ဥယျာဉ် ပတ်ဝန်းကျင်ဒေသများကို အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ် ဧရိယာထဲသို့ ထည့်သွင်း သတ်မှတ်လိုက်ပြီး စိမ်းလန်းစိုပြေရေး ဧရိယာများ အဖြစ် အင်လျားကန်၊ လှော်ကား ဥယျာဉ် တို့ကို သတ်မှတ်လိုက်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာ၌ ဖော်ပြထားသည်။ ယင်းကန့်သတ် ဧရိယာ အတွင်း အမြင့်ပေ ၆၂ ပေ ထက် မပိုသည့်ထပ်မြင့် အဆောက်အဦးများသာ ဆောက်လုပ်ခွင့် ပြုကြောင်း သိရှိရသည်။