Crime

ပေါက်တော ပဋိပက္ခ အမျိုးသမီး တဦး သေဆုံး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် သေဆုံးမှု၊ ထိခိုက် ဒဏ်ရာရမှု တချို့ရှိကြောင်း သိရ သည်။

ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှ အမျိုးသမီး ၅ ဦးသည် ရွာအနီး ပင်လယ်ကမ်းစပ်တွင် ခုံးကောက် သွားကြရာ ဘင်္ဂါ လီ မွတ်စလင် အမျိုးသား ၃ ဦးက ဓား၊ လှံ တို့ဖြင့်လိုက်လံ ခုတ်သည့်အတွက် တဦးသေဆုံးပြီး တဦး ပြင်းထန်စွာ ဒဏ်ရာ ရ ရှိသွားကြောင်း၊ ဒဏ်ရာ ပြင်းထန်သူ အမျိုးသမီးကို စစ်တွေ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း ဒေသခံများက ဧရာဝတီ ကို ပြောသည်။

ဓားခုတ်ခံရသည့် အမျိုးသမီးငယ်သည် အသက် ၁၈ နှစ် ဝန်းကျင်ရှိ မေသန်းခင် ဆိုသူဖြစ်ရှိပြီး ဓားခုတ်ဒဏ်ရာ ပြင်းထန် သည့် အတွက် အချိန်ယူ ကုသရမည် ဖြစ်ကြောင်း၊ အခြေအနေ မစိုးရိမ်ရကြောင်း ပေါက်တော ဒေသခံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင် က ပြောသည်။

“ဓားနဲ့ အခုတ်ခံရတာ၊ လံှနဲ့ထိုးခံ ရတာတွေ ဖြစ်သွားတယ်၊ လှံနဲ့အထိုးခံရတဲ့ အမျိုးသမီးကတော့ သေသွားတယ်၊ ကျူးလွန် သူတွေက အမျိုးသားတွေဖြစ်ပြီး ဓားခုတ်ခံရတာက အမျိုးသမီးတွေ ချည်းပဲဆိုတော့ ထွက်ပြေးလို့ မလွတ်ဘူးပေါ့”ဟု ၎င်း က ဆိုသည်။

ဓားဖြင့် ခုတ်သူများသည် ထွက်ပြေး လွတ်မြောက်နေပြီး ဖမ်းမိရန် ဆောင်ရွက်နေကြောင်း၊ ပဋိပက္ခများကြောင့် စစ်တပ်၊ ရဲ တပ်ဖွဲ့ဝင်များ၊ ဒေသဆိုင်ရာ အာဏာပိုင်များအနေဖြင့် လုံခြုံရေး အစီအမံများ စီစဉ်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရ၏ သတင်းနှင့်မှတ်တမ်း စုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း က ပြော ရာတွင် ဘင်္ဂါလီ အလောင်း တလောင်း တွေ့ရှိသည့်အတွက် ရခိုင်တိုင်းရင်းသားများအပေါ် သံသယမကင်း ဖြစ်ပုံရကြောင်း၊ ထို့ကြောင့် ရခိုင်အမျိုးသမီးများအား လက်စားချေသည့် သဘောဖြင့် ဘင်္ဂါလီ အမျိုးသားများက လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။

“လူသတ် တရားခံတွေကို ဖမ်းမိပြီလား၊ မမိသေးလားတော့ သေချာ မသိရသေးပါဘူး”ဟု ဦးလှသိန်း က ပြောဆိုသည်။

ရခိုင်ဒေသ၌ ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအပြီး ပေါက်တောရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းများတွင် လူဦးရေ အဆမတန် များပြားလာနေကြောင်း၊ ၎င်းတို့သည် လူအင်အားကို အသုံးပြု၍ ဒေသခံများ၏ စိုက်ခင်း၊ ဥယျာဉ်ခြံများတွင် သစ်၊ ဝါး၊ ထင်း ခုတ်ခြင်းတို့ လုပ်ဆောင်သည်ကို ဒေသခံများက ဟန့်တားခြင်းကြောင့်လည်း မကြာခဏ အငြင်းပွားမှုများ ရှိကြောင်း သိရသည်။

“ပေါက်တော ဒေသမှာ ဒေသခံတွေရဲ့ ကျွဲတွေ၊ နွားတွေ အခိုးခံရမှုတွေဟာလည်းပဲ ခဏခဏ ဖြစ်နေတယ်၊ ဒါပေမယ့် ခိုးတဲ့ တရားခံတွေကို ဖမ်းမိတာ အရမ်းနည်းတယ်၊ ပဋိပက္ခတွေ ဖြစ်နေတာတွေဟာ ဒီကိစ္စတွေလည်း ပါတယ်”ဟု ဦးတက်ထွန်း အောင် က ပြောပြသည်။

ပေါက်တော ပဋိပက္ခတွင် ဘင်္ဂါလီအမျိုးသား တချို့လည်း ဒဏ်ရာ ရကြောင်း၊ ဆင်တပ်မော်ကျေးရွာ အနီးတွင် လူသေ အ လောင်း တလောင်း တွေ့ရှိ၍ အာဏာ ပိုင်များက စစ်ဆေးနေစဉ် အနီးရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းမှ လူ ၃၀၀  ဝန်းကျင်စုရုံး ရောက်ရှိလာသည့်အတွက် လူစုခွဲရန် ပြောဆိုရာ မလိုက်နာခြင်းကြောင့် ပစ်ခတ် လူစူခွဲရာမှ အမျိုးသား ၁ ဦး ဒဏ်ရာရ သွားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ က ဆိုသည်။ ပစ်ခတ်မှုကြောင့် လူတဦး သေဆုံးသည်ဟုလည်း အတည်မပြုနိုင်သေးသော သတင်းများက ဆိုသည်။

ပဋိပက္ခများကြောင့် စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသဆိုင်ရာ အာဏာပိုင်များအနေဖြင့် လုံခြုံရေး အစီအမံများ ဆောင်ရွက်နေ ကြောင်း၊ အမျိုးသမီးများအား ဓားဖြင့်ခုတ်သတ်သည့် တရားခံများကို ဖမ်းမိရန် ဆောင်ရွက်နေကြောင်း သိရသည်။

ထိုဒေသတွင် အခြေစိုက် လုပ်ဆောင်နေသည့် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) သည် နိုဝင်ဘာ ၂ ရက်နေ့ ပဋိပက္ခများ ကြောင့် ရခိုင်နှင့်ဘင်္ဂါလီ နှစ်ဘက်စလုံးတွင် ထိခိုက် ဒဏ်ရာရသူများရှိသော်လည်း ဘင်္ဂါလီ လူနာများကိုသာ အမြန်ရေယဉ်ဖြင့် စစ်တွေဆေးရုံသို့ တင်ဆောင်သွားကြောင်း၊ ဒဏ်ရာ ပြင်းထန်နေသည့် ရခိုင်အမျိုးသမီးများကို ကူညီပေးမှု မရှိကြောင်း ပေါက်တော ဒေသခံ ဦးသာထွန်းအေး က ပြောသည်။

“အရင်ကတည်းက ဘက်လိုက်နေတာ အခုချိန်ထိပါပဲ၊ ဒီလိုဘက်လိုက်မှုတွေရှိတဲ့အဖွဲ့တွေကို ကျနော်တို့ ဒေသမှာ မရှိစေ ချင်ဘူး၊ ဒီလုပ်ရပ်တွေဟာ ရခိုင်နဲ့ဘင်္ဂါလီတွေ အကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ယူ ဆ ကြတယ်၊ သွေးထိုးမှုတွေ လုပ်နေတာတွေရှိနေတယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာ အခြေစိုက် NGO များ၊ INGO များသည် အားလုံးကို တပြေးညီကူညီမည်ဟု ဆိုသော်လည်း လက်တွေ့တွင် ခွဲခြား မှုများရှိကြောင်း၊ ဆေးကုသမှု၊ ရိက္ခာ ပေးဝေမှု စသည့်တို့တွင် ခွဲခြားဆက်ဆံမှုများ ရှိနေကြောင်း၊ ထို့ကြောင့် ထိုဒေသ၌ အခြေစိုက်သည့် NGO များအားလုံး ထွက်ခွာရန် လူထုအစည်းအဝေး တရပ်ပြုလုပ်ပြီး ယမန်နေ့က ကြေညာချက်ထုတ်၍ ပြည်နယ် ဝန်ကြီးချုပ်၊ ဒေသ အာဏာပိုင်များ၊ အဖွဲ့အစည်းများထံ ပေးပို့ခဲ့ကြောင်း သိရသည်။

ပြည်နယ်အစိုးရ သတင်းပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ကမူ“နှစ်ဘက်စလုံးကို မျှမျှတတ လုပ်ဆောင်ဖို့တော့ NGO တွေက အစိုးရနဲ့ သဘောတူထားပြီးသားပါ”ဟု ဆိုသည်။

ပေါက်တော ပဋိပက္ခနှင့်ပတ်သက်၍ ICRC ၏ လုပ်ရပ်အပေါ် မကျေနပ်ခြင်းကြောင့် စစ်တွေမြို့ခံများကလည်း စစ်တွေ ဆေးရုံကြီးရှေ့၌ ယမန်နေ့က ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြသည်။ ရခိုင်ဒေသခံများ အနေဖြင့် မြန်မာပြည်တွင်းမှ NGO အဖွဲ့များကိုသာ လက်ခံလိုကြောင်း ပြောဆိုကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading