သတင်းတို
မီတာခ တိုးမြှင့်မှု ပြည်သူကို ရှင်းပြသင့်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
This article has been converted from Zawgyi One to Unicode
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လျှပ်စစ် ဝန်ကြီး ဌာနက မီတာခ တိုးမြှင့်ကောက်ခံမှုကို ပြည်သူကို ဦးစွာရှင်းပြသင့်ပြီး မရှင်းပြဘဲ တိုးမြှင့်ခြင်းသည် အဏာရှင်စနစ်၏ အမွေဆိုး မကုန်သေးခြင်း ဖြစ်ကြောင်း၊ ပြည်သူများသည် အတိုက်အခံများ မဟုတ်ဘဲ အခြေအနေကို ရှင်းပြလျှင် နားလည်နိုင်ကြသူများ ဖြစ်ကြောင်း၊ ပြည်သူကို လေးစားလျှင် ပြည်သူက အသိအမှတ်ပြုမည် ဖြစ်ကြောင်း ယမန်နေ့က လွှတ်တော် အဆောက်အအုံ ၁၂ တွင် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။