သတင်းတို
ရခိုင်ပြည်နယ် လုံခြုံရေးကိစ္စ ကန့်ကွက်သူ အမတ် ဦးရွှေမောင် သတိပေးခံရ
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ်၏ အမျိုးသား အကျိုးစီးပွား အတွက် လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် အခက်အခဲများ အတွက် အစီအမံကောင်းများ အမြန်ဆုံး ချမှတ်ဆောင်ရွက်ပေးရန် ရသေ့တောင်ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေ၏ တိုက်တွန်း အဆိုပြုချက်ကို ဘူးသီးတောင် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ယင်းအဆိုသည် အမျိုးသား အကျိုးစီးပွားအတွက်မဟုတ်ဘဲ နိုင်ငံတော် အတွက်လည်း အကျိုးမရှိသဖြင့် ကန့်ကွက်ခဲ့ ကြောင်း၊ ဦးရွှေမောင်၏ ယင်းကန့်ကွက်ချက်သည် လွှတ်တော်ဥပဒေ၊ နည်းဥပဒေများနှင့် မကိုက်ညီကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယမန်နေ့ လွှတ်တော်အစည်းအဝေးတွင် သတိပေးပြောဆိုခဲ့သည်။