သတင်းတို

ပညာရေး မပြောင်းလဲလျှင် တာဝန်မကျေ၊ အရည်အချင်း မရှိသူများဖြစ်မည်ဟု ဦးရွှေမန်း သတိပေး

This article has been converted from Zawgyi One to Unicode

အဆင့်အတန်းနိမ့်ကျနေသည့် မြန်မာ့ပညာရေးကဏ္ဍဖွံ့ဖြိုးရေးတိုးတက်အတွက်
အားလုံး ဝိုင်းဝန်း ဆောင်ရွက်ရန်လိုပြီး ယနေ့အချိန်
ပညာရေးပြုပြင်ပြောင်းလဲမှုများ မလုပ်ဆောင်ပါက မိမိတို့သည် တာဝန်မကျေသူ၊
အရည်အချင်းမရှိသူများ ဖြစ်လိမ့်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက
ယမန်နေ့ နေပြည်တော် လွှတ်တော်အဆောက် အအုံ၊ ဇမ္ဗူသီရိ အစည်းအဝေး
ခန်းမဆောင်တွင် ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ
ကျင်းပပြုလုပ်သည့် အမျိုးသားပညာရေးဥပဒေ(မူကြမ်း)
ညှိနှိုင်းဆွေးနွေးပွဲတွင် သတိပေး ပြောဆိုသည်။

Loading