သတင်းတို

ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျသို့ သွားရောက်မည်

This article has been converted from Zawgyi One to Unicode

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၂၇
ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ သြစတြေးလျနိုင်ငံသို့
သွားရောက်လည်ပတ်မည်ဖြစ်ပြီး Sydney၊ Canberra၊ Melbourne
မြို့များသို့သွားရောက် လည်ပတ် မည်ဖြစ်ကြောင်း၊ Sydney မြို့တွင်
ကျင်းပမည့် ကုလသမဂ္ဂ ခုခံအားကျဆင်းမှုရောဂါ အကူအညီပေးရေး ညီလာခံသို့ လည်း
တက်ရောက်မည်ဖြစ်သည့်အပြင် သြစတြေးလျရောက် မြန်မာအသိုင်းအဝိုင်းနှင့်လည်း
တွေ့ဆုံမည်ဖြစ် ကြောင်း သြစတြေးလျနိုင်ငံခြားဝန်ကြီးဌာန၏
သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

Loading