ယခင်စစ်အစိုးရသည် ပြည်သူများအတွက် အရှုံးခံ၊ အနစ်နာခံ ဆောင်ရွက်ပေးခဲ့သဖြင့် အဆင်းရဲဆုံးနိုင်ငံအဖြစ် ရောက်ရှိ ခဲ့ရကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေက နိုဝင်ဘာလ ၅ ရက်နေ့ ကျင်းပသော ရန်ကုန်တိုင်း လွှတ်တော် အစည်း အဝေး တွင် လွှတ်တော်အမတ် ဒေါက်တာဒေါ်ညိုညိုသင်း၏ အမျိုးသမီး ဘတ်စ်ကားများ ပြေးဆွဲပေးရေး အဆို ကို လက်မခံနိုင် ကြောင်း ပယ်ချစဉ် ပြောဆိုကြောင်း ယနေ့ထုတ် မြန်မာပို့စ်ဂလိုဘယ်ဂျာနယ်တွင် ဖော်ပြထားသည်။ ဦးမြင့်ဆွေက“ဟိုအရင် အစိုးရလက်ထက်မှာ အနစ်နာခံပြီး ရထားလည်း အရှုံးခံ၊ အစားအသောက်တွေကအစ အရှုံးခံပါတယ်။ သယ်ယူပို့ဆောင်ရေးတို့ဘာတို့ အဘက်ဘက်က အရှုံးခံတဲ့ အခါမှာ နောက်ပိတ်ဆုံး အဆင်းရဲဆုံးဘ၀ အထိ ကျနော်တို့ ရောက်သွားတယ်´´ဟု ပြောဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။