Politics

ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး ကျန်းမာရေး ယိုယွင်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စစ်ခေါင်းဆောင်ဟောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဦးမောင်အေးရဲ့ ကျန်းမာရေး အခြေအနေ ယိုယွင်းလာနေပြီး ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေများထံမှ သိရပါတယ်။

အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ စစ်ခေါင်းဆောင်ဟောင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ရန်ကုန်မြို့ သင်္ကန်းကျွန်းမြိုနယ်ရှိ ပုညနိမိတ္တာရာမ ရွှေသုဝဏ်ကျောင်းမှာ ပြုလုပ်တဲ့  မိသားစု ကထိန်ကိုတောင်မှ တက်ရောက်နိုင်ခြင်း မရှိတော့ဘဲ ဆရာတော်ကို အိမ်သို့ ပင့်ဆောင်ပြီး တရားနာယူခဲ့ရပါတယ်။

ဒါကြောင့် လက်ရှိကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်တွေလည်း ရန်ကုန်မြို့ကို ရောက်ရှိလာပြီး ဂါရဝပြုခဲ့ကြတယ်လို့ သိရပါတယ်။

DSA အပတ်စဉ် ၁၉ ဆင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်ခေါင်းဆောင်ဟောင်း ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး အပေါ်မှာ လေးစားသူတဦးဖြစ်သလို၊ ကာကွယ်ရေး ဦးစီးချုပ်နေရာကို ရရှိအောင် ထောက်ခံပေးသူတဦးလို့လည်း ယုံကြည်ထားသူလို့ သိရှိရပါတယ်။

သူတို့နှစ်ယောက်စလုံးမှာ တူညီတဲ့ အချက်ကတော့ စစ်သားစိတ် အပြည့်ရှိခြင်းနဲ့ လက်အောက်ငယ်သားများ အပေါ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခြင်းတို့ ဖြစ်တယ်လို့ စစ်တပ်အသိုင်းအဝန်းက အသိအမှတ်ပြုကြပါတယ်။

မိသားစု ကထိန်ကိုတော့ ဇနီးဖြစ်သူ ဒေါ်မြမြစန်းကပဲ ဦးစီးကျင်းပခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး၊ နဝတ အစိုးရလက်ထက် အတွင်းရေးမှူး (၃) ဒု ဗိုလ်ချုပ်ကြီး ဝင်းမြင့်တို့ အပါအဝင် စစ်ဘက်၊ နယ်ဘက်မှ အရာရှိများလည်း လာရောက်တယ်လို့ သိရပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးဟာ  ၁၉၅၅ ခုနှစ်က ပထမဆုံး ဖွင့်လှစ်ခဲ့သည့် ကာကွယ်ရေး စစ်တက္ကသိုလ် (Defense Services Academy – DSA) အပတ်စဉ် (၁) ကျောင်းဆင်းတဦး ဖြစ်ပြီး ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် ဉာဏ်လင်း၊ စစ်ဥပဒေချုပ်ဟောင်း ဗိုလ်ချုပ် သန်းဦး၊ ထောက်လှမ်းရေး ညွန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး အောင်ကိုး၊ နိုင်ငံတော် ကောင်စီရုံး ညွှန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး တင်လှိုင်၊ နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး အောင်မြင့်ဘော် တို့နဲ့ တပတ်စဉ်ထဲ ဆင်းခဲ့သူ ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ် မတ်လမှာ နိုင်ငံတော် အကြီးအကဲနဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန်မှ အနားယူခဲ့ပါတယ်။

အနားယူပြီးတဲ့ နောက်မှာတော့ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေ လွတ်လပ်စွာ ခရီးသွားရောက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲနှစ် မေလမှာတော့ ရုတ်တရက် လေဖြန်းသွားတဲ့အတွက် စင်ကာပူနိုင်ငံကို သွားရောက် ဆေးကုခဲ့ရပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကတော့ နေပြည်တော် နေအိမ်မှာပဲ စာဖတ်နေကြောင်း၊ လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး သူ စိုးရိမ်တယ်ဆိုတဲ့အကြောင်း ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလက သွားရောက်ကန်တော့ခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ပြောဆိုခဲ့ပါသေးတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading