သတင်းတို
OIC အဖွဲ့ မြန်မာနိုင်ငံ လာရောက်မည်
This article has been converted from Zawgyi One to Unicode
အစ္စလမ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) အတွင်းရေးမှူးချုပ် Ekmeleddin Khsanglu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၄ ရက်နေ့တွင် လာရောက်မည် ဖြစ်ပြီး ပဋိပက္ခများ ကြောင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကို ထိခိုက်မှု မရှိစေရေးနှင့် ရခိုင်ပြည်နယ်မှ မွတ်စလင်များကို နိုင်ငံသားဖြစ်မှု ကန့်သတ်ထားသည့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးမည် ဖြစ်ကြောင်း ဘီဘီစီ သတင်းတရပ်တွင် ဖော်ပြထားသည်။