သတင်းတို

မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၄ ဘီလျံ ရောက်ရှိ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံ လျှက်ရှိရာ ယခုနှစ် အောက်တိုဘာလကုန် အထိ အမေရိကန် ဒေါ်လာ ၄၃ ဘီလျံရှိပြီး တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၁၄ ဘီလျံ ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု သည် မြန်မာနိုင်ငံ ရှိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၃၂ ရာခိုင်နှုန်းဖြင့် ထိပ်တန်းမှ ဦးဆောင်နေကြောင်း၊ ထိုင်းနိုင်ငံသည်  မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၉ ဘီလျံ ရင်းနှီးမြှုပ်နှံထားပြီး မြန်မာ့နိုင်ငံခြားရင်းနှီးမြုပ်နှံမှု၏ ဒုတိယနေရာတွင် ရှိနေကြောင်း၊  ဟောင်ကောင်နှင့် ဗြိတိန်တို့သည် တတိယနှင့် စတုထ္တ ရင်းနှီးမြှုပ်နှံသော နိုင်ငံများဖြစ်ကြောင်း သိရှိရသည်။

Loading