နယ်သာလန် အခြေစိုက် ရွိုင်ရယ်ဒတ်ချ် ကုမ္ပဏီ၏ ဘုတ်အဖွဲ့ဝင်နှင့် ဘဏ္ဍာရေး အရာရှိချုပ် Simon Henery သည် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် နေပြည်တော်တွင် ယမန်နေ့က တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၌ စွမ်းအင် ကဏ္ဍဆိုင်ရာ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ အခြေခံ အဆောက်အအုံများ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှု ကိစ္စ ရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။