သတင်း

နိုင်ငံတော်၏ ပိုင်ဆိုင်မှု ရွှေ ၇ တန်ကျော်နှင့် ဒေါ်လာ ၈ ဘီလျံကျော်ရှိ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် နိုင်ငံတော်၏ ရွှေပိုင်ဆိုင်မှု ပမာဏ တန်ချိန် ၇ ဒသမ ၅၃၉ တန် နှင့် နိုင်ငံခြားသုံးငွေ ပိုင်ဆိုင်မှု ပမာဏ အမေရိကန်ဒေါ်လာ ၈ ဒသမ ၁၃ ဘီလျံ ရှိကြာင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ထုတ်ဖော် ပြောဆိုသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်၏ တောင်းဆိုချက် ကြောင့် နိုင်ငံခြားသုံးသီးသန့်ငွေစာရင်းနှင့် ရွှေပိုင်ဆိုင်မှု ပမာဏကို ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက လာရောက် ရှင်းပြ ခဲ့ပြီး နိုင်ငံခြားသုံးငွေများကို ပြည်ပနိုင်ငံများတွင် ငွေစာရင်းဖွင့်လှစ်၍ သော် လည်းကောင်း ၊ ငွေသားအဖြစ် အစိုးရဘဏ်များတွင် ထားရှိခြင်းဖြင့်လည်းကောင်း ထိန်းသိမ်းထားကြောင်း ရှင်းလင်းပြောဆိုသည်။

နိုင်ငံတော်၏ ပိုင်ဆိုင်မှု ရွှေတန်ချိန်ပမာဏသည် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ စာရင်းများအရ ရွှေတန်ချိန် ၇ ဒသမ ၅၃၉ ခန့်ရှိကြောင်း၊ ယင်းရွှေများကို ဗဟိုဘဏ်က ထိန်းသိမ်း ထားသည်ဟု ဒေါ်ခင်စောဦး က ရှင်းပြသည်။

“နိုင်ငံတော်ရဲ့ နိုင်ငံခြားသုံး သီးသန့်ငွေစာရင်းမှာ ရွှေစာရင်းနဲ့ နိုင်ငံခြားသုံးငွေစာရင်းဆိုပြီး ပါဝင်ပါတယ်။ ရွှေစာရင်းကို ဗဟိုဘဏ်ကထိန်းသိမ်းထားရှိပါတယ်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှာရှိတဲ့ နိုင်ငံတော်ရဲ့ ပိုင်ဆိုင်တဲ့ရွှေပမာဏက တန်ချိန် ၇ ဒသမ ၅၃၉ တန်ခန့်ရှိပါတယ်´´ ဟု ၎င်းက ပြောသည်။

နိုင်ငံခြားသုံးငွေပိုင်ဆိုင်မှုမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့စာရင်းများအရ အမေရိကန်ဒေါ်လာ ၈ ဒသမ ၁၃ ဘီလျံ ရှိပြီး ငွေသားအဖြစ် နိုင်ငံပိုင်ဘဏ်များတွင်လည်းကောင်း၊ နိုင်ငံပိုင်ဘဏ်များနှင့် အဆက် အသွယ် ရှိသော ပြည်ပနိုင်ငံများတွင် ငွေစာရင်းဖွင့်လှစ်၍ Nostro Bank Account အဖြစ် အပ်နှံထားကြောင်း ရှင်းပြသည်။

“၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့မှာ နိုင်ငံတော်ရဲ့ နိုင်ငံခြားသုံးငွေ ပိုင်ဆိုင်မှု ပမာဏ စုစုပေါင်းက ၈ ဒသမ ၁၃ ဘီလျံရှိပါကြောင်း တင်ပြ အပ်ပါ တယ်။ နိုင်ငံခြားသုံးငွေကိုတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ နိုင်ငံပိုင်ဘဏ်များရဲ့ လက်ဝယ် မှာ ငွေသားအဖြစ်သော်လည်းကောင်း၊ ပြည်ပရှိ ၎င်းတို့ရဲ့ အဆက်အသွယ် ဘဏ်များ မှာ ဖွင့်လှစ်ထားတဲ့ ဘဏ်ငွေစာရင်း Nostro Account မှာလည်းကောင်း အပ်နှံထားပါတယ်´´ ဟု ဒေါ်ခင်စောဦးက ဆိုသည်။

နိုင်ငံပိုင်ဘဏ်များက ပြည်နိုင်ငံများတွင် ဘဏ်ငွေစာရင်းဖွင့်လှစ်ထားရခြင်းမှာ ကုန်သွယ်မှု၊ နိုင်ငံခြားကြွေးမြီ ရယူခြင်း၊ ပေးဆပ်ခြင်းအပါအဝင် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာများဆောင်ရွက်ရန်ဖြစ်ကြောင်း သိရှိရသည်။

စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်စိုးက ဗဟိုဘဏ်က ရွှေပိုင်ဆိုင်မှုနှင့် နိုင်ငံခြားငွေ စာရင်း ထုတ်ပြန်မှု အပေါ် ကြိုဆိုသော်လည်း အတိအကျ စာရင်း ထုတ်ပြန် ရန်လိုအပ်ကြောင်း၊ အထူးသဖြင့် ယခင်စစ်အစိုးရ လက်ထက် ကြီးပွားချမ်းသာခဲ့သော ပုဂ္ဂလိက ဘဏ်များ၏ နိုင်ငံခြားငွေပိုင်ဆိုင်မှုနှင့် အခြား ပိုင်ဆိုင်မှုများသည် တရားဝင် အခွန်ဆောင်ပြီး မည်သို့ မည်ပုံရရှိလာသည်ကို ထုတ်ဖော်ရန် လိုအပ်ကြောင်း ရှင်းပြသည်။

“ဗဟိုဘဏ်က ပိုင်ဆိုင်မှု ထုတ်ပြန်တာ အတိအကျ ထုတ်ပြန်ဖို့ လိုတယ်။ ဒါ့အပြင် ပုဂ္ဂလိက ဘဏ်တွေ အပ်ထားတဲ့ နိုင်ငံခြားမှာ အပ်ထားတဲ့ ငွေကြေးတွေကိုလည်း ထုတ်ပြန် ရမယ်။ အခုရှင်းသွားတဲ့ အချက် အလက်က သေချာ မရှင်းလင်းဘူး။ နိုင်ငံတော်ဆိုတာ ပုဂ္ဂလိကတွေရောပါသလား။ အရင်ရှင်းခဲ့တုန်းက ပုဂ္ဂလိက ဘဏ်တွေပါ ပါတယ်။ သေသေချာချာ ရှင်းပြဖို့ လိုတယ်။ ပုဂ္ဂလိက ဘဏ်  တွေ နိုင်ငံခြားမှာအပ်ထားတဲ့  ငွေတွေက တရားဝင် ရထား တာလား၊ အခွန်ဆောင် ထားပြီးပြီလား၊ ဘယ်လိုရလာတဲ့ငွေတွေလည်း အဲဒါတွေ လည်း ထုတ်ပြောရမယ်။ ဒီမိုကရေစီ စနစ်မှာ ပြည်သူက အခရာပဲ။ ပြည်သူက အဓိက။ ပြည်သူ့မဲမရရင် ဘယ်သူမှ အစိုးရ လုပ်လို့မရဘူး´´ ဟု ဒေါက်တာမောင်မောင်စိုးက သုံးသပ်ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading