ရုရှား-မြန်မာ သံတမန် အဆက်အသွယ် ထူထောင်ခြင်း ၆၅ နှစ်ပြည့် အထိမ်းအမှတ် ညနေခင်း တေးဂီတ ဖျော်ဖြေပွဲကို ယမန်နေ့ည ၇ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြန်မာဆိုင်ရာ ရုရှား သံအမတ်ကြီး Mr. Vasiliy Borisovich Pospelov နှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။