သတင်းတို

ရန်ကုန်မြို့တွင်း လမ်းပေါ်ရှိ ပုဂ္ဂလိကပိုင် မီးစက်များ ဖယ်ရှားမည်

This article has been converted from Zawgyi One to Unicode

လမ်းတိုးချဲ့ခြင်းနှင့် ယာဉ်ရပ်နားရန် နေရာများ တိုးချဲ့မည်ဖြစ်၍ ရန်ကုန်မြို့တွင်း လူသွားစင်္ကြံများ၊ လမ်းနယ်နိမိတ်များအတွင်းရှိ မီးစက်များကို ဖယ်ရှား ရှင်းလင်းပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (လမ်းနှင့် တံတား) အင်ဂျင်နီယာဌာနမှ အသိပေးထားကြောင်း သိရသည်။ ယခင်က ယင်းသို့ မီးစက်များ ချထားခွင့်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက နှစ်စဉ်ကြေး ကောက်ခံ၍ ခွင့်ပြုထားခြင်း ဖြစ်သည်။

Loading