သတင်းတို

မြန်မာ-ဥရောပသမဂ္ဂ ဆွေးနွေးပွဲ ကျင်းပ

This article has been converted from Zawgyi One to Unicode

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချူပ် (UMFCCI) တွင် မြန်မာ-ဥရောပသမဂ္ဂ လုပ်ငန်းအဖွဲ့ မျက်နှာစုံညီ အစည်းအဝေး ကျင်းပလျက်ရှိကြောင်း သိရသည်။ ယင်းဆွေးနွေးပွဲသို့ ဥရောပ သမဂ္ဂအဖွဲ့ နိုင်ငံခြားရေးနှင့် လုံခြုံရေး အကြီးအကဲ မစ္စကက်သရင်း အက်ရှ်တန် နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်လျက်ရှိသည်။ နေပြည်တော်တွင် မနက်ဖြန်၌ ဆွေးနွေးပွဲ ကျင်းပရန် ရှိသေးကြောင်းလည်း သိရသည်။

Loading