ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ၏ စာရင်းများအရ ၂၀၀၈ ခုနှစ်အတွင်း နှလုံးရောဂါနှင့် လေဖြတ်ခြင်းကြောင့် လူပေါင်း ၁၇ ဒသမ ၃ သန်းခန့် အသက် ဆုံးရှုံးရကြောင်း၊ သေဆုံးသူ ၅ ဦးတွင် ၄ ဦးမှာ ဝင်ငွေနိမ့်ကျသည့် နိုင်ငံများနှင့် အလယ်အလတ် ဝင်ငွေသာ ရရှိသည့် နိုင်ငံများမှ ဖြစ်ကြောင်း သိရသည်။ ယင်း ရောဂါများ၏ ၈၀ ရာခိုင်နှုန်းသည် ကြိုတင်ကာကွယ်နိုင်ကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် အစားအသောက်များ စားသောက်ခြင်း၊ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းနှင့် ဆေးလိပ်သောက်သုံးခြင်း လုံးဝရှောင်ကြဉ် ခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။