သတင်း

ဧရာဝတီ မြစ်ရေတိုက်စားမှုကြောင့် ရွာလုံးကျွတ် ပျောက်ဆုံး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ရေစကြိုမြို့နယ်၊ ဧရာဝတီမြစ် အနောက်ကမ်းပါးပေါ်ရှိ ငါးမြာကြီးကျေးရွာ ရွာလုံး ကျွတ် ပျောက်ဆုံးခဲ့ရသဖြင့် နေထိုင်စရာနှင့် လုပ်ကိုင်စားသောက်မည့် မြေနေရာများကို သက်ဆိုင်ရာမှ စီစဉ်ပေး စေလိုကြောင်း ဒေသခံများက ပြောသည်။

“ကျနော်တို့ ဒေသခံတွေ အကူအညီတွေ လိုအပ်နေပါတယ်။ ကျနော်တို့ အတွက် အဝတ်အစားထက် နေစရာနဲ့ လုပ်ကိုင် စားသောက်စရာ မြေနေရာ အကူအညီ ပိုပြီးလိုအပ်ပါတယ်” ဟု ငါးမြာကြီး ကျေးရွာသား အသက် ၄၀ ကျော်အရွယ် ဦးတင်ဝင်းက ပြောသည်။

ယခုလ ဒုတိယပတ်အတွင်းက ရွာသားများ လက်ရှိနေထိုင်ရာ နေရာတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်း မီဒီယာများသို့ အထက်ပါအတိုင်း ရှင်းပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ ငမြာကြီးကျေးရွာအား ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှု ဖြစ်စဉ်များသည် ၁၉၉၄ ခုနှစ်မှ စတင်ခဲ့ပြီး၊  ယခု ၂၀၁၃ ခုနှစ်အထိ မြစ်ရေတိုက်စားမှုများကြောင့် ကမ်းပါးပြိုကာ ပျက်စီးခဲ့သော မြေယာဧက ပေါင်း ၂ ထောင်နီး ပါး  ရှိခဲ့ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မြေယာဆုံးရှုံးမှုများကြောင့် မူလကျေးရွာ၏ အနောက်ဘက် မြေကွက်လပ်များတွင် ပြောင်းရွှေ့ နေထိုင်ခဲ့ကြပြီး၊ လက်ရှိ အချိန်တွင် ထပ်မံပြောင်းရွှေ့ရန် နေရာမရှိတော့ကြောင်း ဒေသခံ ဦးတင်ဝင်းက ဆက်လက်ပြောသည်။

ဒေသခံများက နေထိုင်လုပ်ကိုင် စားသောက်ရမည့် မြေယာလက်မဲ့ဖြစ်နေခြင်းကို ကူညီဖြေရှင်းပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အစိုးရမဟုတ်သော လူမှုရေး အဖွဲ့အစည်းများထံ တင်ပြတောင်းဆိုထားကြောင်း သိရသည်။

၁၉၄၄ ခုနှစ်တွင် မြစ်ရေတိုက်စားခြင်းကို စတင်ခံစားခဲ့ရပြီး၊ ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင်  မြစ်ရေတိုက်စားမှု ကြောင့်ပင် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်ခဲ့သည့် လယ်ယာမြေများ ဆုံးရှုံးခဲ့ရကြောင်း ငါးမြာကြီးကျေးရွာ အတွက် ကူညီမှုများ ပေးနေသည့် မြန်မာအစိမ်းရောင် ကွန်ရက်ဥက္ကဋ္ဌ ဒေါ်ဒေဝီသန့်စင်က သတင်းမီဒီယာများသို့ ပြောသည်။

သူကဆက်လက်၍ “ အရင်တုန်းကဆို နှစ်တွေ အကြာကြီးနေမှ ဖြစ်လေ့ရှိတယ်။ နှစ် ၂၀ ၊ ၃၀ လောက်ကြာမှ ဒီရွာ သားတွေက ပြောင်းရရွှေ့ရတယ်။ အခုတော့ ၁ နှစ်၊ ၂ နှစ်လောက်တကြိမ် ပြောင်းနေရလို့ အခက်အခဲ ဖြစ်နေတယ်” ဟု ပြောသည်။

ယင်းကျေးရွာသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ဆုံရာ အောက်ဘက် ၂မိုင်ခန့်အကွာ၊ ဧရာဝတီမြစ်၏ အနောက်ဘက် ကမ်းပေါ်တွင် တည်ရှိသော ကျေးရွာတစ်ရွာ ဖြစ်သည်။

ငါးမြာကြီးကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း၊ မူလတန်းကျောင်း ၁ ကျောင်းရှိပြီး၊ အိမ်ခြေ ၁၁၀ ၊ အိမ်ထောင် စု ၁၇၀ နှင့် လူဦးရေ စုစုပေါင်း ၇၅၀ ကျော်နေထိုင်ကြသည်။ ဒေသခံများသည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်း ကျောင်း လုပ်ကိုင်ကြသည်။

အဆိုပါ ရွာလုံးကျွတ် ပျောက်ဆုံးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံများမှ သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ တင်ပြ ထားပြီး၊ ယခုလ ဒုတိယပတ်အတွင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖုန်းမော်ရွှေကိုယ်တိုင် ကွင်းဆင်းကြည့်ရှုကာ ငွေကျပ် သိန်း ၁၅၀ ထောက်ပံ့ကူညီ ပေးမည်ဟု ကတိပေးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ရန်ကုန်မြို့ နာရေးကူညီမှု အသင်းကလည်း  ယခုလ ဒုတိယပတ်အတွင်းကပင် ဒေသခံများအတွက် အိမ်ထောင်စု တစ်စု လျှင် ၂ သောင်းနှုန်းဖြင့် အိမ်ထောင်စု ၁၇၀ အတွက် အလှူငွေစုစုပေါင်း ငွေကျပ် ၃၄သိန်း၊ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းအတွက် ငွေကျပ်၂သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading