သတင်းတို
မြန်မာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ကလင်တန် ဖောင်ဒေးရှင်း ကူညီမည်
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်တို့ ယမန်နေ့က တွေ့ဆုံပြီး၊ ကလင်တန် ဖောင်ဒေးရှင်းနှင့် မြန်မာ အစိုးရ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ HIV, AIDS, TB ရော ဂါ ဝေဒနာရှင်များအတွက် ဆေးဝါးဖြန့်ဖြူးရေး၊ ပဋိပက္ခ ဒေသများ၌ လယ်ယာလုပ်ငန်း ဖွံ့ဖြိုးရေး၊ ၅ နှစ်အောက် ကလေးငယ်များ၊ မွေး ကင်းစ ကလေးငယ်များနှင့် မိခင်များသေဆုံးမှု လျော့ကျရေး စသည့် လုပ်ငန်းများ အတွက် ငွေကြေးနှင့် အထောက်အကူပြု သင်တန်းပေးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ ဘီလ်ကလင်တန်သည် သူရ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။