ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ပန်းဘဲတန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဆန်းသည် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က လွှတ်တော်ခန်းမအတွင်း ရုတ်တရက် ကွယ်လွန်သွားကြောင်း၊ ၎င်း မကွယ်လွန်မီ SEA Game အားကစားပြိုင်ပွဲ လုံခြုံရေးနှင့် ပတ်သက်ပြီး လွှတ်တော်တွင် မေးမြန်းခဲ့ကြောင်း၊ ဦးအောင်ဆန်း သေဆုံးမှုသည် ပထမ အကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေး ကာလအတွင်း ဦးအေးမြင့်၊ ဦးကြည်မြင့်တို့ နောက် ၃ ဦးမြောက် ကိုယ်စားလှယ်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။