သတင်းတို
ဦးသိန်းစိန် နှင့် သြစတြေးလျ အေးရှားလင့် ဥက္ကဌ တွေ့ဆုံ ဆွေးနွေး
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်က သြစတြေးလျနိုင်ငံ အေးရှားလင့်အဖွဲ့ ဥက္ကဋ္ဌ Mr. Sid Myer နှင့် ယမန်နေ့က တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် သြစတြေးလျ လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံရေး၊ စွမ်းအင် ထုတ်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ စိုက်ပျိုးရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံများအား ပြန်လည်မွမ်းမံ ထိန်းသိမ်းခြင်းဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးတွင် အထောက်အကူ ပြုနိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာ၌ ဖော်ပြထားသည်။