အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေး ၂ ဦးဖြစ်သော ကိုကျော်နေဝင်းနှင့် ကိုအေးနေဝင်းတို့သည် အင်းစိန် အကျဉ်းထောင်မှ ယနေ့ ပြန်လည် လွတ်မြောက်လာကြောင်း သတင်း ရရှိသည်။ ၎င်းတို့သည် ၂၀၀၂ ခုနှစ်က နိုင်ငံတော် ပုန်ကန်မှုဖြင့်ဖမ်းဆီး၍ သေဒဏ်ချ ခံထားရခြင်း ဖြစ်သည်။ ကိုကျော်နေဝင်း၊ ကိုအေးနေဝင်း တို့နှင့် အမှုတွဲ အခါပေး ဘိုးတော် စကြာ အောင်ပွင့်ခေါင်လည်း တပါတည်း လွတ်မြောက်လာကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ကပြောသည်။ ယနေ့ လွတ် လာသူ အားလုံးပေါင်း ၆၉ ဦး ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများ ဖြစ်ကြောင်း၊ ဗန်းမော်၊ ပုသိမ်၊ ဘူးသီးတောင်၊ အင်းစိန်၊ ကျိုင်းတုံ၊ ကျောက်ဖြူ၊ သံတွဲ၊ စစ်တွေ၊ မုံရွာ၊ မန္တလေး(အိုးဘို)၊ မြင်းခြံ၊ မြစ်ကြီးနား၊ ရွှေဘို၊ သီပေါ၊ တောင်ငူ၊ သထုံ၊ သာယာဝတီ စသည့် အကျဉ်းထောင်များနှင့် အင်္ဂပူ ရဲဘက်စခန်း တို့မှ လွတ်မြောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။