သတင်းတို

ရန်ကုန် မြို့ပတ်ရထား စီးသူများအတွက် လက်မှတ် ၄ မျိုး သတ်မှတ်ထား

This article has been converted from Zawgyi One to Unicode

မြန်မာ့မီးရထားသည် ရန်ကုန် မြို့ပတ်ရထားစီး ခရီးသည်များ အတွက် RBE Air Con အဆင့်မြင့် ရထားလက်မှတ် အမျိုးအစား အပါအဝင် အမျိုးအစား ၄ မျိုး သတ်မှတ် ထားကြောင်း သိရသည်။ ခရီးသည်များ လိုက်ပါစီးနင်းရာတွင် ခရီးစဉ် ၂ ခု အသုံးပြုနိုင် သည့် ၁၀၀ ကျပ်တန် လက်မှတ်၊ ခရီးစဉ် ၁ ခုသာ အသုံးပြုနိုင်သော ၂၀၀ ကျပ်တန် (အထူးတွဲ) လက်မှတ်၊ ၃၀၀ ကျပ်တန် “ဇ” အထူးတွဲ လက်မှတ်နှင့် ၄၀၀ ကျပ်တန် RBE Air Con အဆင့်မြင့် ရထား လက်မှတ်များဖြင့် ဝန်ဆောင်မှု ပေးထားကြောင်း ထုတ်ပြန် ကြေညာ ထားသည်။

Loading