မြန်မာနိုင်ငံ၌ လက်ရှိကျင့်သုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အတွက် ဥရောပ သမဂ္ဂ(EU)က အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရန် နိုင်ငံရေး ဖြစ်စဉ်တွင် ပါဝင်သည့် အဖွဲ့အစည်းများ နှင့် ပါလီမန် အမတ်များ အတွေ့အကြုံ ရင့်ကျက်ရန် လိုကြောင်း၊ ယင်း အတွက် EU က အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း၊ EU ပါလီမန် ဒု ဥက္ကဋ္ဌ Ms. Isabella DUTANT က နိုဝင်ဘာ ၁၆ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြား ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။