မြန်မာနိုင်ငံ ကော့သောင်း ခရိုင် ခမောက်ကြီးမြို့နယ် ဆိတ်ဖူး ကျေးရွာနှင့် ထိုင်းနိုင်ငံ ရနောင်း ခရိုင် ကလပ်ပူရိ မြို့နယ် ကို ဆက်သွယ်ပေးမည့် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား ဆောက်လုပ်ရန် စီစဉ်နေကြောင်း သိရသည်။ ပေ ၂၅၀ အရှည်ရှိမည့် အဆိုပါ တံတား ထိုးရန် အတွက် နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ ဆွေးနွေးနေကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမင်းလွင်၏ ပြောကြားချက်ကို ကိုးကား၍ ယနေ့ထုတ် မြန်မာတိုင်းမ် သတင်းစာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။