Ethnic Issues

“အနိုင်း .. မော်ကင်း .. လက်ဝီးအတက်”

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

“ရွက်တိုင်ဖျားလောက်သာ မြင်ရပြီး အဝေးမှ သဘောၤသည် တလိမ့်လိမ့် တက်နေသည်။ လှိုင်းတံဘိုးများ ကြားမှ ရှေ့တက်ရန် ကြိုးစားနေသည်ဟု မထင်ရဘဲ တလိမ့်လိမ့် လှုပ်ခါနေသည့် စားကျက်မြက်ခင်းမှ မြက်ပင်ရှည်များ ကြားတွင် ရှေ့တိုးလာရန် ကြိုးစားနေသည်ဟု ထင်ရသည်။

ရှည်လျား ဆန့်တန်းနေသော သဘာ၀ လျှိုမြောင် ချိုင့်ဝှမ်းများ ၊ ပြာလဲ့လဲ့ တောင်ကုန်း တောင်စောင်းများ အထက်တွင် တိတ်ဆိတ် ငြိမ်သက်ခြင်းနှင့် မသဲကွဲသော အသံများက သူတို့ သတိမထားမိစေဘဲ ခိုအောင်းလျှက် ရှိကြည်သည်။ တောပန်းများကို ခူးဆွတ်ကြသည့် မေလအချိန်တွင် ကစားရသည်ကို ငြီးငွေ့နေကြသော ကလေးများသည် သည်လို အထီးကျန်သည့် နေရာတွင် လဲလျောင်း အိပ်စက်တတ်ကြကြောင်း ကျိန်တွယ် ပြောဆိုမိလိမ့်မည်။

မိချမ်းဝေသည် ‘ကမာရင်ကွဲ နှင့် အခြားပင်လယ် ဝတ္ထုများ’ ဝတ္ထုတိုပေါင်းချုပ် စာအုပ်နှင့် အမျိုးသား စာပေဆုကို၂၀၀၀ ပြည့်နှစ်က ရရှိခဲ့သည်။ ဝတ္ထုတိုပေါင်းချုပ်၊ လုံးချင်းဝတ္ထုရှည်နှင့် ခရီးသွားစာပေ စုစုပေါင်း အုပ်ရေ ၂၀ ကျော်ရေးသား ဖြန့်ချိပြီးဖြစ်သည်။ သူ၏ ပင်လယ် အထူးပြု ရေးသားသော ဝတ္ထုများမှာ ပရိတ်သတ်၏ အထူးနှစ်ခြိုက်ခြင်းကို ခံရသည်။

လူ့ဘဝတွင် ကံကြမ္မာ မျက်နှာသာ ပေးခံရသူများသည် မှန်ကန်သည့် ဘက်ခြမ်းမှနေ၍ ကျနော်တို့ နံဘေးမှ အဓိက ရွက်လွှင့်သွားသည့်အခါတွင် ကျနော်တို့သည် တိုးဝှေ့နေသည့် လေပြည်လေညှင်းကို တနည်းတဖုံ ခံစားရတတ်သည်။ ပြားချပ်နေသော လေရွက်များ ဖောင်းလာသည်ကို ပျော်ရွှင်စွာ ခံစားရတတ်သည်။ စပန်း ဝေလငါးတို့ သေဆုံးသည့်အခါ ဦးခေါင်းကို နေရှိရာဘက်သို့ လှည့်ထားတတ် ကြသည်။ ဒီနေရာမှာ ပွင့်လင်းပြီး ခွဲထုတ်မရတဲ့ အဏ္ဏဝါပြင်ကြီး ရှိနေသည်။”

အထက်ပါ စာသားတွေက ဆရာနတ်နွယ် ဘာသာပြန်တဲ့ မိုဒီဗစ် ဝတ္ထုကြီးထဲက စာသားတွေပါ။ ကျမက ပင်လယ်ချစ်သူ ပီပီ ပင်လယ်ဝတ္ထုဆို အငမ်းမရ ဖတ်လေ့ရှိပြီး ကြိုက်တဲ့စာသားတွေကို မှတ်တမ်းစာအုပ်မှာ ကူးရေးလေ့ ရှိသူပါ။ မှတ်တမ်း စာအုပ်ကို ပြန်ဖတ်မိတိုင်း ကျမ သွားခဲ့ရတဲ့ ပင်လယ်ခရီးတွေကို ပြန်အမှတ်ရ နေမိပါတယ်။

သေဘေးက အကြိမ်ကြိမ် လွတ်ခဲ့တဲ့ ပင်လယ်ခရီးမှာ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှာ သွားခဲ့တဲ့ ဗိုလ်ချိုကျွန်း မကြုံဂလက် ကျေးရွာ ဆလုံပွဲတော် ခရီးစဉ်လည်း ပါပါတယ်။ ကျမတို့ ကြုံတွေ့ရတဲ့ ဒုက္ခတွေကို ဆရာကိုအောင်ဝေးနဲ့ တွဲထုတ်တဲ့ “လှဆိုးဗျင်းရယ် ဆလုံနှင်းဆီ” စာအုပ်မှာ ရေးထားပြီးပြီမို့ ဒီကိစ္စကို ထပ်မံ မရေးလိုတော့ပါ။

ကျမရေးချင်တာက အဲဒီတုန်းက ကျင်းပခဲ့တဲ့ ဆလုံပွဲအကြောင်းပါ။ ဆလုံပွဲတော်ကို ရည်ရွယ်ချက် ၃ ရပ်နဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ၁) တနလာၤရီတိုင်း မြိတ်ကျွန်းစုတွင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာစေရန်။ ၂) ကော့သောင်းခရိုင်အတွင် နေထိုင်ကြသော ဆလုံ တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ ယဉ်ကျေးမှု ဖော်ထုတ် မြှင့်တင်ပေးရန်။ ၃) ဆလုံ တိုင်းရင်းသားတို့၏ လူနေမှု အဆင့်အတန်း မြှင့်တင်ပေးရန်။ ဆိုတာတွေပဲ ဖြစ်ပါတယ်။

တကယ်ရော ရည်ရွယ်ချက် ပြည့်မြောက်ပါရဲ့လားလို့ ကျမ စဉ်းစားကြည့်မိပါတယ်။ ထိုစဉ်က ဆလုံ ပွဲတော်ကို ဖြစ်မြောက်အောင် စတင် ကြိုးပမ်းသူဟာ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ပါ။ ပွဲတော် တကယ် ကျင်းပချိန်မှာတော့ သူ မရောက်လာနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒေသခံတွေက ပွဲတော်ပီပြင်ဖို့ အစွမ်းကုန် ကြိုးပမ်းခဲ့ကြတယ်။ ဗိုလ်ချိုကျွန်း မကြုံဂလက်ရွာမှာ ရေချိုတွင်း တူးတာ ၊ လူတွေ တည်းခိုဖို့ အဆောက်အအုံဆောက်တာ ၊ နိုင်ငံခြားသားတွေအတွက် ဝါးဘန်ဂလိုလေးတွေ ၊ ဘိုထိုင် အိမ်သာတွေကအစ အတော်ကလေး စနစ်တကျ စီစဉ်ထားပါတယ်။

အလားတူပဲ ချို့ယွင်းချက် လိုအပ်ချက်တွေ အများကြီးပါ။ ကျမမှာသူတပါးရဲ့ လုပ်ရပ်အပေါ် လက်ညှိုးထိုး အပြစ်ရှာချင်တဲ့စိတ် လုံး၀ မရှိပါဘူး။ လိုအပ်ချက်တွေကနေ သင်ခန်းစာ ယူဖို့ပဲ စဉ်းစားရမှာ မဟုတ်လား။ ဆလုံ ရိုးရာပြခန်းမှာ ဗုံတို မတွေ့ရတဲ့ ကိစ္စဟာ ကျမကို ဘဝင်မကျ ဖြစ်စေပါတယ်။ ဆလုံမှာ ရိုးရာဗုံတို ရှိပါတယ်။ ဆလုံလူမျိုးတယောက် လူအဖြစ် ရှင်သန်ထမြောက်ရာမှာ ကဗန်းလှေတစီး ကိုယ်တိုင် တည်ဆောက်နိုင်ဖို့ အရေးကြီးသလို ရိုးရာဗုံတိုကလေး ပိုင်ဆိုင်ဖို့ဟာလည်း မရှိမဖြစ် အရေးကြီးလှပါတယ်။

တကယ်တန်းကျတော့ ဗုံတိုကို ဆက်လက် မထိန်းသိမ်းနိုင်တာလား ၊ ရိုးရာ အမွေအနှစ် ဆင့်ကမ်းမှု အားနည်းတာလား ။ ပွဲတော်ရဲ့ ပြခန်းမှာတောင် မပြနိုင်တော့ပါဘူး။ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဖွင့်တဲ့ ပွဲတော်ဖွင့်ပွဲမှာ ဆလုံဂီတကို အော်ဂင်ထဲထည့်ပြီး တီးမှုတ်သီဆိုကြတာ တွေ့ရပါတယ်။ ဆလုံဝတ်စုံကိုလည်း တီထွင်လို့ပေါ့။ ဆလုံ အမျိုးသမီးက ပခုံးတခြမ်းဖော် အကျီ ၤနဲ့၊ ထမီတိုတို ခရုပုတီး ခါးစည်းပဝါတွေ ဘာတွေနဲ့ပေါ့။

ထီထွင် ဆန်းသစ်မှုကို ကြိုဆိုပါတယ်။ ဒါပေမဲ့အရိုးကို အရွက် မဖုံးစေချင်ပါဘူး။ အဲဒီညက မီးပုံပွဲမှာလည်း အော်ဂင်တီးလုံးတွေနဲ့ပဲ ကကြပါတယ်။ သောင်ပြင်ကနေ မိုးကောင်းကင်ဆီ ထိုးထွက်နေတဲ့ မီးညွှန့် မီးစွယ်တွေကြားက သီချင်းစာသား တီးလုံးတွေဟာ ကျမရဲ့ စိတ်ကိုဘယ်လိုမှ ဆွဲဆောင်မှု မပေးနိုင်ပါဘူး။ ရှင်းရှင်းပြောရရင် အဲဒီညက သူများပျော်လို့ မပျော်နိုင်တာ ကျမပါ။

ဖြစ်ချင်တော့ ပွဲတော်ဟာ ဖွင့်တဲ့နေ့မှာပဲ ချက်ချင်း ပိတ်ပွဲပါ လုပ်လိုက်တာမို့လို့ လူထုက တမျိုးတမည် သဘောပေါက်ပြီး နီးရာ လှေသဘောၤတွေပေါ် တက်ပြီး ပြန်ကုန်ကြတာ ကျွန်းမှာ လူမရှိသလောက်ပါပဲ။ ဘယ်လှေပေါ်မှ တက်ခွင့်မသာဘဲ ကျန်ရစ်ခဲ့တဲ့ ကျမဟာ ဆလုံအိမ်ပေါ်တက် တည်းခိုရင်းနဲ့ ဆလုံခေါင်းဆောင် ကိုခင်မောင်ထွေးနဲ့ ဆုံရတာပါ။ ကိုခင်မောင်ထွေးဟာ အထက်သားဖြစ်ပြီး ဆလုံမ မမာလိနဲ့ အိမ်ထောင်ကျကာ အုပ်စုခေါင်းဆောင် လုပ်နေသူပါ။ ဆလုံပွဲတော်က ဂီတအပေါ် ကျမခံစားချက်တွေ ပြောပြတော့ ကိုခင်မောင်ထွေးက ရယ်တယ်။ နေညိုလာတော့ သူက သောင်ပြင်စပ်ကို ထွက်သွားပြီး ဆလုံစကားနဲ့ တစုံတရာ ဆိုမြည်လိုက်ပါတယ်။ အထက်ရွာတွေမှာ ‘ဗျိုး’ ဟစ်သလိုပေါ့။

ကျမကိုလည်း သူက “ဆရာမကို ကျနော် ဒီည အော်ရီဂျင်နယ် ဆလုံအက အစစ်ပြမယ်”လို့ ပြောပါသေးတယ်။ မနေ့ညက လူကြီးတွေ အော်ဂင်နဲ့ မြူးတူးသွားတဲ့ နေရာမှာပဲ ကိုခင်မောင်ထွေးက မီးပုံကြီး ပြန်ဖိုပါတယ်။ မီးညွှန့် မီးစွယ်တွေ တက်လာချိန်မှာ အမှောင်ချဉ်း လာပါပြီ။ အိမ်ရှေ့ကို စုဝေးရောက်ရှိလာတဲ့ ဆလုံ ကြီးရွယ် ပျိုလတ်တွေ အားလုံးကို ကိုခင်မောင်ထွေးက အရက်တိုက်ပါတယ်။ ဆလုံဟာ မမူးရင် မကဘူး..တဲ့။

မကြာခင်မှာတော့ သူတို့မှာပါလာတဲ့ ပင်လယ်သွားလှေတွေမှာသုံးတဲ့ ပလပ်စတစ်ပုံးရယ် ၊ ထမင်းချက်တဲ့ ဒန်အိုးကြီးတွေရယ်၊ သူတို့သဘာ၀ လက်တန်းစပ်ဆိုတဲ့ သီချင်းတေးသွားရယ်.. ညဉ့်ဦးယံ အလှကို စတင် ခြယ်မှုန်းပါတော့တယ်။ ဗုံတို မပါတာ သေချာပါတယ်။ ဗုံတိုကို ဆင့်ကမ်း သယ်ဆောင်နိုင်ခြင်း မရှိတာ ဝမ်းနည်းစရာပါပဲ။ ဒါပေမယ့် အော်ဂင်တေးသွားထက် စာရင်တော့ သူတို့သဘာ၀ အရှိကို အရှိတိုင်း (ရှိတဲ့ ပစ္စည်းနဲ့) ကတဲ့ မီးပုံပွဲဟာ ပိုပြီး အဓိပ္ပါယ် ရှိတယ်လို့ ယူဆပါတယ်။

မီးပုံပွဲပြီးတော့ ကျမရဲ့ စိတ်မကျေလည်မှုတွေကို ကိုခင်မောင်ထွေးနဲ့ ဆက်ပြီး ဆွေးနွေးဖြစ်ပါတယ်။ ပွဲတော်ဖွင့်ပွဲမှာ သက်ဆိုင်ရာ လူကြီးတွေက ပါဝင်ကပြတဲ့ ယဉ်ကျေးမှုအဖွဲ့တွေကို ဂုဏ်ပြုပစ္စည်းတွေ ပေးအပ်ရာမှာ မကြုံဂလက်က မပါဘူး။ အဲဒါ ဘာကြောင့်လဲ။ ကိုယ့်ရွာမှာ လာလုပ်တဲ့ပွဲ ၊ ထောက်ပံ့ပစ္စည်းကျတော့ ကိုယ်မရတာ ဘာကြောင့်လဲ။

အဲဒီမှာ လူသူမသိတဲ့ ကိစ္စလေး သိခွင့်ရခဲ့တယ်။ ဆလုံပွဲတော်အတွက် အကတွေ လေ့ကျင့်ကြမယ်ဆိုတော့ ကော့သောင်းမှာ စခန်းသွင်း လေ့ကျင့်ရပါသတဲ့။ အဲဒီစခန်းကို မကြုံဂလက်က လူတွေကိုလည်း အကလေ့ကျင့်ဖို့ လွှတ်ပေးပါတယ်တဲ့။ စခန်းရောက်တော့ အခြားရွာတွေက လာဆုံတဲ့ ဒေသခံတွေက ဒီရွာက ဆလုံလူငယ်တွေနဲ့ တမိုးအောက်မှာ အတူမအိပ် ၊  အတူ မစားနိုင်ဘူးဆိုတဲ့ အဆင့်အတန်း ခွဲခြားမှု ကိစ္စမျိုးတွေ ပေါ်လာသတဲ့။ ဒီရွာက လွှတ်လိုက်တဲ့ လူငယ်တွေဟာ ကိုခင်မောင်ထွေးရဲ့ စည်းရုံးမှုအောက်မှာ တိုးတက်တဲ့ အမြင်ရှိသူတွေပါ။ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တာချင်း အတူတူ လူနဲ့လူချင်း ခွဲခြားတာကို မခံနိုင်လို့ ပြန်လာကြတဲ့အခါ ပွဲတော်မှာ ပါဝင်ခြင်းမရှိ ဖြစ်သွားပြီး ထောက်ပံ့ ဂုဏ်ပြုခြင်း အစီအစဉ်နဲ့ လွဲချော်သွားတာပါတဲ့။

ဒါဟာ ဆလုံလူမျိုးတွေကို တန်းတူရည်တူ ဆက်ဆံခြင်း မပြုဘူးဆိုတဲ့ ပြယုဂ် တခုပါပဲ။ ဒီကိစ္စကို ကျမ ကောင်းကောင်းကြီး နားလည်နိုင်ပါတယ်။ ကျမက မြိတ်မှာ နှစ်တွေအကြာကြီး ကျောင်းဆရာမ လုပ်လာသူဆိုတော့ ဒေသခံတွေရဲ့ သဘောထားကို သိရှိပြီး ဖြစ်သူပါ။ အလယ်တန်းဆင့် ပထဝီ ဘာသာမှာ မြိတ်ကျွန်းစုတွင် ( . . . ) လူမျိုးများ နေထိုင်ကြသည် ဆိုတဲ့ မေးခွန်းမှာ ကွက်လပ်နေရာမှာ ဘယ်သူမှ အဖြေ မရေးကြပါဘူး။ အဖြေလွှာ အမှတ်ခြစ်တော့ တရွက်လည်း အဖြေမပါ။ နှစ်ရွက်လည်း အဖြေမပါ။ ဒါ ဘာကြောင့်လဲ..။ လုပ်သက်ရ ဆရာမတွေကို မေးကြည့်တော့ ကွက်လပ်မှာ ပြန်ဋ္ဌာန်းစာအုပ်ထဲမှာ ပါတဲ့အတိုင်း ဖြည့်ရမှာဆိုရင်(ဆလုံ လူမျိုး)..လို့ ဖြည့်မှ အမှန် အမှတ်ရမှာပါ။ ကလေးတွေက သူတို့ ဆလုံ မဟုတ်လို့ ဒီကွက်လပ်ကို မဖြည့်ချင် အမှန်အမှတ် ၂ မှတ် မရလည်း ရှိပါစေ..ဆိုတဲ့ သဘောမျိုးလို့ သိရတော့ ကျမ အံ့သြတုန်လှုပ် သွားဖူးပါတယ်။

ဒါဟာ ဘာကြောင့်လဲ။ အဲဒီခေတ်က ဆလုံဆိုတာ နိမ့်ပါးတဲ့ လူမျိုး၊ မြိတ်မြို့ ကမ်းနားလမ်း လှေသင်္ချိုင်းလို့ခေါ်တဲ့ လှေပျက်ကြီးတွေ ပေါ်မှာနေတဲ့ လူမျိုး ၊ တခါတရံ ငှက်သိုက်တို့ ငါးကြီးအန်ဖတ်တို့ စတီကောင်တို့ ပင်လယ်ထွက်ကုန်တွေကို သူတို့ရဲ့ ကဗန်းလှေကလေးနဲ့ လာသွင်းရင်း ရောက်လာတဲ့ စုတ်ချာချာ အဆင်အပြင်နဲ့ လူမျိုးတွေကို မြို့ပေါ်က ကလေး လူကြီးတွေ ဒီလိုပဲ မြင်ကြမှာပါပဲ။

အခု ကာလရွေ့လျား နှစ်တွေ ကြာညောင်းလာပြီ။ ဆလုံတွေ ပြောင်းလဲတိုးတက် လာပြီ။ မွေးနှုန်းထက် သေနှုန်းများနေ သူတွေကို ပျောက်ပျက်ကုန်မှာစိုးလို့ ကျွန်းရွာတွေမှာ အတည်တကျ နေထိုင်စေခဲ့ပြီ။ စာသင်ကျောင်းတွေ ဆောက်ပြီး စာသင်စေခဲ့ ၊ ဘုန်းကြီးကျောင်းတွေ တည်ပြီး နတ်ကိုးကွယ်မှုကနေ ဗုဒ္ဓဘာသာ ကိုးကွယ်စေခဲ့ပြီ။

အခုဆိုရင် ဆလုံတွေကို မှတ်ပုံတင် လုပ်ပေးနေပြီ။ အရိုင်းဆန်တဲ့ ဘဝကနေ ယဉ်ကျေးတဲ့ အဆင့်အတန်း ဆီရောက်အောင် ပို့ဆောင်ပေးခဲ့ပြီ။ ဆလုံတွေ စာတတ်နေပြီ။ အချို့နေရာတွေမှာ ဘွဲ့ရတဲ့ လူတွေတောင် ရှိနေပြီ။ ဒါကြောင့် ရှေးရိုးစွဲ အသားအရောင် ခွဲခြင်း၊ အဆင်အပြင် ခွဲခြား၊ လူမျိုးရေး ခွဲခြားမှုတွေလည်း မရှိသင့်တော့ပါဘူး။

“ အနိုင်း ၊ မော်ကင်း ၊ လတ်ဝီးအတက် ”

“ ဗမာ ၊ ဆလုံနှင့် တောင်ပေါ်သားများသည် ညီနောင်သားချင်း ဖြစ်သည်။ ”

…ဆိုတဲ့ စကားဟာ ဆလုံတွေရဲ့ ရိုးရာ အယူအဆ စကားတရပ်ပါ။ မော်ကင်း ခေါ်တဲ့ ဆလုံတွေရဲ့ အမည်ဖွင့်ဆိုချက်ကိုက ရေမှာ ကျွမ်းကျင်စွာ နစ်သူလို့ ဆိုထားရဲ့မဟုတ်လား။ စာရေးဆရာကြီး တယောက်က နစ်သူဆိုတဲ့ ဖွင့်ဆိုချက်ကို မကြိုက်လို့ ရေမှာ ကူးခတ်သူလို့ ပြင်ပေးပါသေးတယ်။ သူက ပင်လယ် ဝေါဟာရနဲ့ ဝေးလို့ပါ။ နစ်တယ်ဆိုတဲ့ စကားအတိုင်း နစ်မြုပ်တာကို ပြောတာ မဟုတ်ပါဘူး။ ရေနက်ထဲမှာ ရေငုပ်ကိရိယာ မပါဘဲ အချိန်အကြာကြီး နေနိုင်တဲ့ သူတို့ရဲ့ ဘာသာဓလေ့ကို ဂုဏ်ပြုတဲ့ စကားလို့ နားလည်ရမှာ ဖြစ်ပါတယ်။

ရှေးက ဆလုံ အမျိုးသမီးတွေဟာ အပေါ်ပိုင်း အဝတ်မဝတ်ကြဘူး။ အခုလည်း ကျေးလက်တောရွာတွေမှာ ထမီရင်လျားနဲ့ နေသူတွေ ရှိပါသေးတယ်။ ပါတိတ်ဝမ်းဆက်လည်း ဝတ်တဲ့သူ ဝတ်ကုန်ကြပါပြီ။ ဒီလို သဘာဝတရားနဲ့ နီးနီးကပ်ကပ် နေထိုင်ကြပေမယ့် ဆလုံရွာတွေမှာ မုဒိန်းမှု မရှိပါဘူး။ အိမ်တံခါးတွေ မရှိပေမဲ့ ခိုးမှု မရှိပါဘူး။ သူတို့ဟာ ရာဇဝတ်မှု ကျူးလွန်ရမှာ အလွန်စိုးရွံ့တဲ့ ပင်ကိုယ် ရိုးသားကြသူတွေပါ။

သူတို့ဟာ လူမျိုးကြီး တမျိုးရဲ့ တိုက်ခိုက်မောင်းနှင်မှုကို ခံခဲ့ရတဲ့အတွက် လူမျိုးကြီးတွေ၊ ပသျှူး ဖြစ်ဖြစ် မြန်မာဖြစ်ဖြစ်၊ ရေတပ်က ဗိုလ်ကြီးတွေ ဖြစ်ဖြစ် အလွန်လေးစား ကြောက်ရွံ့ကြ သူတွေပါ။ ဒီလို လူမျိုးတွေရဲ့ အားငယ်မှုကို မဖေးကူသင့်ဘူးလား ၊ သူတို့ဘ၀ မြှင့်တင်ရေးကို ဝိုင်းဝန်းမကြံဆောင် ပေးသင့်ဘူးလား။

ကျမ ဆလုံပွဲတော်က အပြန်မှာ “ ကမ်းလှည့် ဆွတ်မီ ” လုံးချင်း ဝတ္ထုရှည်ကြီး ရေးဖြစ်ပါတယ်။ ဆလုံတွေ ပညာတတ်လာပြီ ၊ အတူနေ တိုင်းရင်းသားတွေက ဆလုံတွေဆီ ဘာတွေ ကူညီကမ်းလင့်မလဲ။ ဆလုံတွေကရော ဘာတွေ ကမ်းယူမလဲ။ ကမ်းလှည့် ဆွတ်မီ အမီသာကမ်းလှည့်ပါတော့လို့ အဓိပ္ပာယ် ဖွင့်ဆိုထားတဲ့ အဲဒီဝတ္ထုမှာ စာရေးသူက ဒါတွေ လုပ်သင့်ပါတယ်လို့ ခြေတလှမ်းဦး ပြထားတာပါ။

“ ကြွေအဲ ယန်းချက်တုန်း

ဘင်းအဲ ယန်းဟားကား

ပလော . . . ပလော ခူဇာ

ကြွွေဖျာကတောရယ်..။”

“မိုးစက်ကလေးတွေ ကြွွေလာပြီ

ကျနော်တို့ အားလုံးစိုကုန်ပြီ။” .. လို့ အဓိပ္ပါယ်ရတဲ့ ဆလုံသင်ပုန်းကြီးပါ ကဗျာလေးဟာ ကျမတို့ မြို့ပြက ကလေးတွေကို သင်ကြားပေးတဲ့ Rain.. Rain, go away.. ကဗျာလေးနဲ့ အတူတူပါပဲ။ မြို့ပြက ကလေး ၊ ကျေးလက်က ကလေး ၊ ကျွန်းတောင်က မော်ကင်း ဆလုံကလေးတွေ အားလုံး အတူတူ ပြုံးပျော်သင့်ရဲ့ မဟုတ်လား။

ဆလုံလူမျိုးတွေရဲ့ ဘဝမြှင့်တင်ရေးအတွက် ကော့သောင်း စာပေစာနယ်ဇင်းက ကဗျာဆရာ နိုင်တာရာ (ဦးယုနိုင်) တို့လို လူမျိုးတွေ ရှိသလို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းကလည်း ဝိုင်းဝန်းကြံဆောင်သင့် လှပါတယ်။ နာဂပွဲတော် နှစ်တိုင်း ကျင်းပသလို ဆလုံပွဲတော်တွေ နှစ်စဉ် မကျင်းပသင့်ပေဘူးလား။ ပွဲတော်ကျင်းပဖြစ်ရင် ပြန့်ကျဲနေတဲ့ ဆလုံ လူမျိုးစုတွေ ပြန်ဆုံကြတယ်။ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ဆင့်ကမ်း သယ်ဆောင်နိုင်မယ်။ တဖက်ကလည်း နိုင်ငံခြားသား ဧည့်သည်တွေကို ဆွဲဆောင်နိုင်လို့ နိုင်ငံခြားဝင်ငွေ တိုးမယ်။

ထိုင်းနိုင်ငံမှာ ပဒေါင် လူမျိုးတွေ ဆလုံလူမျိုးတွေကို တခုတ်တရ စုစည်းပြီး နိုင်ငံခြားသားတွေကို ပြသတဲ့ အစီအစဉ် ရှိတယ်ဆိုတာ သိရတော့ ကိုယ့်နိုင်ငံက ဆလုံပွဲတော် ဆက်လက် မကျင်းပဖြစ်တဲ့ ကိစ္စကို အားမလို အားမရ ဖြစ်မိပါတယ်။ ဒေသခံတွေကလည်း တက်ကြွွမယ် ၊ ကျမတို့ ဆလုံချစ်သူတွေကလည်း ကူညီမယ် ၊ အာဏာပိုင် အဖွဲ့အစည်းကလည်း ပံ့ပိုးလုပ်ဆောင် ကြမယ်ဆို မဖြစ်နိုင်စရာ မရှိပါဘူး။

အလို . . . ဆလုံပွဲတော်တုန်းက ထားဝယ်သူ ကျမ ညီမလေးတွေ ဆိုတဲ့သီချင်း လေထဲမှာ ပျံ့လွင့်လာပါပကော…။

“မြန်မာပြည် မြေပုံကလေး အဝေးကကြည့်ရင် x x x  ကိန္နရီမလေး ဟန်ဆင် x x x  ယဉ်ကျေးတဲ့ အသွင်ကလေးတွေ အဝေးကပင် မြင်နိုင်ပါသည် x x x (အဲဒါ ကျမတို့ တိုင်းပြည်)၂ x x အဲဒါ ကျမတို့ရဲ့ အမွေ x x x  ကမ္ဘာတည်သရွေ့ မြန်မာပြည်ဟေ့ ငြိမ်းချမ်းစွာ တည်ရှိနေသည် x x x မြန်မာပြည် တောင်ဘက်စွန်း ကျွန်းမြို့တွေနဲ့ ကဗျာဆန်ဆန် x x x မြန်မာ့ပင်လယ်ပြင်ကြီးက ရွှေ ခဲ ရေနံ x x x သဘာ၀ ဓါတ်ငွေ့တွေ ထုတ်လုပ်နေပြီ x x x အဖိုးတန်တဲ့ ပုလဲတွေ ထွက်တဲ့တိုင်းပြည် x x x ထင်ရှားစုံညီ x x x တင်စား မကုန်ပြီ တင်စား မကုန်ပြီ x x x ထင်ရှား စုံညီ x x x  အို . . . လှလိုက်တဲ့ တနသာၤရီ . . . တ . . န . . သာၤ . . ရီ ”

တနသာၤရီမှာ ပြန်လည် ဆုံတွေ့ကြပါစို့..။

Did you find apk for android? You can find new Free Android Games and apps.
Loading